သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသတိုက်ပွဲ စစ်ကောင်စီတုံ့ပြန်


၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား
၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား

လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ လားရှိုး၊ သိန္နီအနီးမှာ တိုက်ပွဲဖြစ်စဉ်တွေရှိခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့စခန်းနဲ့ ပြည်သူ့စစ်စခန်းတချို့ ကျဆုံးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

"လောက်ကိုင်ရဲ့ အနောက်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ တပ်မတော်စခန်းတွေကတော့ ကျဆုံးခဲ့တာမရှိဘူး။ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင် ပြည်သူ့စစ်စခန်း ၂ ခုလောက်ကျဆုံးခဲ့တာရှိတယ်။ ဒီ လောက်ကိုင်ရယ်၊ ချင်းရွှေဟော်ရယ်၊ ကွမ်လုံအရှေ့ဘက်ခြမ်းဘက်မှာတော့ MNDAA က တိုက်ခိုက်ခဲ့တာဖြစ်တယ်။ သိန္ဒီအနီးတဝိုက်နဲ့ လားရှိုးအရှေ့ဘက်မှာရှိတဲ့ လုံခြုံရေးနေရာတခုကိုတော့ TNLA နဲ့ AA နဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိခဲ့တယ်။ တပ်မတော်စခန်းတွေကျဆုံးခဲ့တော့ မရှိသေးဘူး။"

ချင်းရွှေဟော်တံတားထိပ်၊ ဖောင်ဆိပ်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးမြို့ပြင်ဒေသတွေက စစ်ကောင်စီ အထိုင်ချ စခန်းတွေကို တချိန်တည်းစီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့် MNDAA တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ
၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ

MNDAA နဲ့ တိုက်ပွဲဖြစ်နေတဲ့ ချင်းရွှေဟော်ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ကြိုးစားနေတယ်လို့လည်း စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။
MNDAA၊ TNLA နဲ့ AA တို့ ပူးပေါင်းထားတဲ့ မြောက်ပိုင်းညီနောင် ၃ဖွဲ့ က ရှမ်းပြည်မြောက်ပိုင်းမှာ အွန်လိုင်းရာဇဝတ်မှုတိုက်ဖျက်ဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီကိုတိုက်ခိုက်ဖို့ ၁၀၂၇ စစ်ဆင်ရေးကြေညာခဲ့တဲ့နောက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား
၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား

ကိုးကန့်ဒေသ လောက်ကိုင်မြို့နားကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ရောက်နေပြီး မြို့ပေါ်မှာတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်လက်နက်ကိုင်တွေက လုံခြုံရေး ယူပေးထားတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" လောလောဆယ် မြို့ထဲမှာတော့ ရှုပ်ရှုပ် ရှုပ်ရှုပ်ပေါ့နော်၊ ဆိုင်တွေလည်း အကုန်လုံး ပိတ်ထားတယ်ပေါ့နော်၊ စစ်ရေးသတင်းကြတော့ ကျနော်တို့ လောက်ကိုင်နားလေးတော့ နီးနေပြီပေါ့နော်၊ ချင်းရွှေဟော်ဘက်က လာတာပါ။ လောလောဆယ်တော့ ပြည်သူ့စစ်ပဲ၊ ကိုးကန့်က (စစ်ကောင်စီ) စစ်တပ်ပဲ အဲဒါလေးတွေပဲ အတွင်းထဲမှာ ရှိနေသေးတယ်။ စီးပွားရေးလုပ်ငန်းက ဒီ ကျားဖြန့်မရှိရင် ဒီလောက်ကိုင်မြို့ကလည်း သိပ် စီးပွားရေးလမ်းကြောင်း ဘာမှမရှိတော့ဘူး။ ကာစီနိုရုံ၊ ကျားဖြန့်ခေါ် အလိမ်ကုမ္ပဏီ အဲဒါတွေပဲ များတာပေါ့နော်။ အဲဒါမရှိဘူးဆိုရင် ဒီလောက်ကိုင်မြို့က ဘာမှ လုပ်စားလို့မရတဲ့မြို့ ဖြစ်သွားမှာပေါ့နော်။"

မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး စတဲ့ မြောက်ပိုင်းကမြို့နယ်တွေမှာလည်း ဒီနေ့ တပြိုင်နက်တည်းဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြပါတယ်။

စစ်ကောင်စီပြောခွင့်ရရဲ့ ပြောဆိုချက်ကို အသံသီးသန့် နားဆင်ရန်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG