သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀၂၇ စစ်ဆင်ရေးစတင်ကြေညာ


၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ
၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေလှုပ်ရှားနေတဲ့ နယ်မြေမှာ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်နေပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA နဲ့ ရခိုင်တပ်တော် AA တို့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းလားရှိုးအပါအဝင် မြို့နယ်တချို့မှာ လက်နက်ကြီးသံတွေကြားရပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသသတင်းတွေက ဖော်ပြကြပါတယ်။ လားရှိုးမှာမူဆယ်နဲ့ ချင်းရွှေဟော်သွားတဲ့လမ်းတွေကိုအကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ MNDAA ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
(တိုက်ပွဲသတင်းနဲ့ပတ်သတ်တဲ့ နောက်ဆုံးရသတင်းတွေကို ဆက်လက်တင်ပြပေးပါမယ်။)
ဓာတ်ပုံ - စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးမိကြောင်း MNDAA က ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG