သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းကို အမေရိကန် ကန့်သတ်အရေးယူ


မြန်မာ့ကမ်းလွန်ရေနံတွင်းတူးစင်တခု
မြန်မာ့ကမ်းလွန်ရေနံတွင်းတူးစင်တခု

မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ကန့်သတ်အရေးယူမှုတရပ် အမေရိကန်ပြည်ထောင်စုက ချမှတ်ပါတယ်။ လုံးဝကြီး ပိတ်ဆို့အရေးယူမှုမျိုးမဟုတ်ဘဲ အမေရိကန်ရဲ့ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုပဲ ကန့်သတ်တားမြစ်လိုက်တာဖြစ်ပြီး ဒီအရေးယူမှုဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုအထူးသတ်မှတ် စာရင်းထဲကိုတော့ မထည့်သွင်းသေးပါဘူး။ ဒီစာရင်းထဲပါသွားမှသာ အမေရိကန်ရဲ့ဘဏ်စနစ်ထဲက ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး၊ အမေရိကန် ကုမ္ပဏီတွေ၊ နိုင်ငံသားတွေနဲ့ ကုန်သွယ်လို့ မရတော့တာပါ။ ဒါ့အပြင် အဲဒီစာရင်းပါအဖွဲ့အစည်း လူပုဂ္ဂိုလ်ရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း လွှဲပြောင်းလို့ မရတော့တာ ဖြစ်သွားမှာပါ။

ခု တပိုင်းပိတ်လိုက်တာမှာတော့ အဲဒီလို သက်ရောက်မှုကို မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းက ခံရမှာမဟုတ်သေးပါဘူး။ ဒါပေမဲ့ ချေးငှားတာ၊ ဘဏ်စာရင်းကိစ္စ၊ အာမခံကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနဲ့ တခြား ငွေကြေးဝန်ဆောင်မှုတွေကိုတော့ လုပ်လို့မရအောင် ကန့်သတ်အရေးယူလိုက်တာပါ။ Sky Royal Hero Company Limited, Suntac Technologies Company Limited နဲ့ Suntac International Trading Company Limited တို့ကိုတော့ စစ်ကောင်စီ ကို ထောက်ကူနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ SDN လို့ခေါ်တဲ့ အရေးယူပိတ်ဆို့မှုအထူးသတ်မှတ်ချက်စာရင်းထဲ ထည့်သွင်းအရေးယူလိုက်ပါတယ်။

လူပုဂ္ဂိုလ်အနေနဲ့ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးချာလီသန်း၊ ဒေါက်တာ ကံဇော်၊ ညွှန်ကြားရေးမှူးချုပ်တွေဖြစ်ကြတဲ့ ဒေါဆွေဆွေအောင်နဲ့ ဦးဇော်မင်းတို့ကိုလည်း SDN စာရင်းထဲ ထည့်သွင်းအရေးယူလိုက်ပါတယ်။

ဗြိတိန် နဲ့ ကနေဒါတို့ကလည်း ပိတ်ဆို့အရေးယူမှု အသစ်တွေကို ချလိုက်ပေမဲ့ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း မပါဝင်သေးပါဘူး။ ခုလို ပိတ်ဆို့အရေးယူလိုက်တာတွေက မြန်မာပြည်သူတွေကို မမေ့လျော့သေးတာ ပြသလိုက်တာဖြစ်ပေမဲ့ နိုင်ငံတကာအသိုက်အဝန်းက ဒါ့ထက်အများကြီး ပိုလုပ်နိုင်၊ လုပ်ကြရဦးမှာဖြစ်ပါတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။

မြန်မာ့ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းကို အမေရိကန် ကန့်သတ်အရေးယူ
please wait

No media source currently available

0:00 0:01:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG