သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mission Impossible  ရုံတင်ရက် တနှစ်ရွှေ့ဆိုင်း


MISSION IMPOSSIBLE/DEAD RECKONING ပထမပိုင်း မိတ်ဆက်ပွဲမှာတွေ့ရတဲ့ မင်းသားတွမ်ခရု (ဇွန် ၂၂၊ ၂၀၂၃)
MISSION IMPOSSIBLE/DEAD RECKONING ပထမပိုင်း မိတ်ဆက်ပွဲမှာတွေ့ရတဲ့ မင်းသားတွမ်ခရု (ဇွန် ၂၂၊ ၂၀၂၃)

“Mission: Impossible” ၈ ကားမြောက် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့ နောက်တနှစ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ညွှန်းဆရာတွေ အလုပ်မလုပ်ပဲ ၃ လကျော် သပိတ်မှောက်ထားလို့ ရုပ်ရှင်ကားတွေ ရုံမတင်နိုင်ပဲ ဖြစ်ရတာကနေ နောက်တသုတ် ထပ်ပြီးရက်ရွှေ့ရတာ ဖြစ်ပါတယ်။

“Mission: Impossible” ရုပ်ရှင်ကားကို ဇွန်လ ၂၈ ရက်နေ့ကနေ ၂၀၂၅ မေလ ၂၃ ရက်နေ့ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့တယ် Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။ Christopher McQuarrie ရိုက်ကူးတဲ့ “Mission: Impossible — Dead Reckoning Part One” အပိုင်း ၁ရဲ့ နောက်ဆက်တွက်ဖြစ်တဲ့ ဒီအပိုင်း ၂ ဇာတ်ကားကို ရုပ်ရှင် ထုတ်လုပ်ရေးကို ဇူလိုင်လကတည်းက ရပ်ဆိုင်းထားတာ ဖြစ်ပြီး အဲအချိန်မှာ ခေါင်းဆောင်မင်းသား တွမ်ခရုစ်နဲ့ ထုတ်လုပ်ရေးကုမ္ပဏီကတော့ နိုင်ငံတကာမှာလှည့်ပြီး ကြော်ငြာနေတာပါ။ အခုဒီဇာတ်ကားက နောက်ဆက်တွဲ အပိုင်း ၂ ဖြစ်တာကြောင့် “Mission: Impossible — Dead Reckoning Part Two” ဖြစ်ရမှာဆိုပေမဲ့ အခုတော့ Mission: Impossible လို့ပဲ နာမည်အတို ပေးလိုက်ပါတယ်။

ပထမ “Dead Reckoning” ကားတုန်းက တကမ္ဘာလုံးကနေ ဝင်ငွေ ဒေါ်လာ ၅၆၇ သန်းခွဲဝင်ခဲ့ပေမဲ့ ၂၀၁၈ မှာ ရုံတင်တဲ့ Fallout ဇာတ်ကားကို မမီခဲ့ပါဘူး။ အဲ့ဒီကားက တကမ္ဘာလုံး ဝင်ငွေ ဒေါ်လာ ၇၉၂ သန်းနီးပါး ရခဲ့တာပါ။

၂၀၂၂ နွေမှာတော့ Tom Cruise ရဲ့ “Top Gun: Maverick” ဇာတ်ကားက ဒေါ်လာသန်း ၁,၅၀၀ တောင် ဝင်ခဲ့တာပါ။ ပထမကားထွက်ပြီး နှစ်ပေါင်း ၂၇ နှစ်အကြာမှာ ထွက်တဲ့ အဲဒီရုပ်ရှင်ကို ကောင်းတယ်ဆိုပြီး သုံးသပ်ကြပေမဲ့ လူအရမ်းကြည့်တဲ့ “Barbie” နဲ့ “Oppenheimer” ရုပ်ရှင်ကားတွေနောက်မှာ လောင်းရိပ်မိခဲ့ရပါတယ်။

ဟောလီးဝုဒ်သပိတ်မှောက်တဲ့ ပြဿနာက မပြီးပြတ်သေးတာကြောင့် ဇာတ်ကားမှာပါဝင်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေနဲ့ အရောင်းမြင့်တက်အောင် ကြော်ငြာဖို့အတွက် ရုပ်ရှင်ထွက်တဲ့ ရက်တွေကို ဒီဆောင်းတင်မက နောက်နှစ်တင်မယ့်ကားတွေကိုပါ ရက်ရွှေ့နေတာပါ။ Dune ဇာတ်ကား အပိုင်း ၂ ကို နောက်နှစ် မတ်လအထိ ရွှေ့ထားတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေကို ကိုယ်စားပြုတဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယို အနုပညာရှင်များ ရဲ့ Screen Actors Guild-American Federation နဲ့ ရုပ်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတွေ ပြန်ညှိနှိုင်းမှုတွေ လုပ်နေကြပါတယ်။

XS
SM
MD
LG