သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေ ဘာကြောင့်ဖမ်းခံနေရတာလဲ 


သိန်းချီတဲ့ ရိုဟင်ဂျာတွေထဲက "တထောင်"စမ်းသပ်ပြန်ပို့မယ့်ရှေ့ပြေးစီမံချက်တောင် အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သေးချိန် မိမိတို့နေရပ်ကို အကြောင်းမျိူးစုံနဲ့ ပြန်သွားသူတချို့ကို ခိုးဝင်တံဆိပ်တပ်ပြီး ထောင်ချအရေးယူအပြစ်ပေးနေတာက ထပ်ပြီး လူ့အခွင့်အရေးချိူးဖောက်မှုပါပဲလို့ ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်

တရားမဝင်နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေ ဘာကြောင့်ဖမ်းခံနေရတာလဲ

ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ပြေးခဲ့ကြရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေထဲက "တထောင်"စမ်းသပ်ပြန်ပို့မယ့်ရှေ့ပြေးစီမံချက်တောင် အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သေးချိန် မိမိတို့နေရပ်ကို အကြောင်းမျိူးစုံနဲ့ ပြန်သွားသူတချို့ကို ခိုးဝင်တံဆိပ်တပ်ပြီး ထောင်ချအရေးယူအပြစ်ပေးနေတာက ထပ်ပြီး လူ့အခွင့်အရေးချိူးဖောက်မှုပါပဲလို့ ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်။ နယ်မြေမတည်ငြိမ်သေးတာ သူတို့အတွက်လည်း အသက်ဘေးအန္တရာယ်သာမက ဖမ်းဆီးထောင်ချခံရနိုင်တာသိရက်နဲ့ ဘာကြောင့် ဘင်္ဂလားနယ်စပ်တွေကနေ ရခိုင်ဘက် ပြန်ဝင်နေကြပါသလဲ၊ ဘယ်လိုလူတွေ ပြန်ကြတာများပါသလဲဆိုတာ ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ် ကိုအောင်မြိုင်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဗွီဒီယို ကြည့်ရှုရန်

အစီအစဉ်တွဲများအားလုံးကြည့်ရှုရန်
XS
SM
MD
LG