သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းက ထိုင်းနိုင်ငံသားတွေ ပြန်ခေါ်နိုင်ရေး ထိုင်းအစိုးရကြိုးပမ်း


တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်စစ်သားတွေကို တွေ့ရစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၂၃)
တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်စစ်သားတွေကို တွေ့ရစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ပိတ်မိနေတဲ့ ထိုင်း နိုင်ငံသား ၁၆၂ ဦး၊ နေရပ်ကို ပြန်လာနိုင်ဖို့ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ထိုင်း ဒုရဲချုပ် Surachate Hakparn (ဆူရာချတ် ဟတ်ပန်) မြန်မာနိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီထဲက ၂၉ ဦးဟာ တရုတ်ရာဇဝတ်ဂိုဏ်း လူမှောင်ခိုကူးသူတွေရဲ့ သွေးဆောင်ဖျားယောင်းခံရပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေမှာ လုပ်ကိုင်နေရတယ်လို့လည်း ရေးသားထားပါတယ်။

ရှမ်းပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသရောက်ကတည်းက၊ အဲဒီထိုင်းနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းယူထားတာကြောင့်လည်း တိုက်ပွဲတွေ ဖြစ်ပွါးချိန်မှာ ပိတ်မိနေတာပါ။ စနေနေ့တုန်းကတော့ သူတို့ကို မြန်မာဘက်က ကယ်ထုတ်ခဲ့ပြီး အခုအခါမှာတော့ လွန်ခဲ့တဲ့ အောက်တိုဘာလအတွင်း လူကုန်ကူးသူတွေလက်ထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ တခြားထိုင်းနိုင်ငံသား ၁၃၃ ဦးနဲ့အတူ စစ်စခန်းတခုမှာ ခိုလှုံနေပါတယ်။

ထိုင်းဒုရဲချုပ်ကတော့ ရန်ကုန်ကို ရောက်ပြီးပြီးချင်းပဲ ထိုင်းနိုင်ငံသားတွေ ရှိနေတဲ့ စစ်စခန်းကို သွားရောက်မှာဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးသားထားပါတယ်။ အဲဒီထိုင်းနိုင်ငံသားတွေဟာ မြန်မာလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေအတွင်း ပိတ်မိနေတာဖြစ်ပြီး သူတို့ကို တရုတ်နိုင်ငံဘက်ကတဆင့်ကယ်ထုတ်ဖို့ မကြာသေးခင်က တရုတ်နဲ့ မြန်မာအာဏာပိုင်တွေနဲ့ပါ နှုတ်ကတိနဲ့ သဘောတူညီမှုရခဲ့တယ်လို့ ရဲဗိုလ်ချုပ်ကြီး Surachate က ပြောကြားပါတယ်။

ရှမ်းပြည်နယ်အတွင်းက လောက်ကိုင်မှာ အခြေအနေတွေ ပိုဆိုးရွာလာနေတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံသားတွေ ကယ်ထုတ်ဖို့ လမ်းကြောင်းကို အခုလို ရွေးခဲ့ကြတာပါ။ ထိုင်းနိုင်ငံသားတွေ ဘေးရန်ကင်းကင်းနဲ့ ခိုလှုံနေထိုင်နိုင်ဖို့ ရန်ကုန်မြို့က ထိုင်းသံရုံးအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သောကြာနေ့တုန်းက X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG