သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရတိုက်တွန်း


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong တွေ့ဆုံစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၃)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong တွေ့ဆုံစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်ကစ တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ အတူ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong က ဒီကနေ့ ပြောပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong က နိုဝင်ဘာ ၃ ရက်ကနေ ၅ ရက်အထိမြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။

တရုတ်-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်မှာနေထိုင်သူတွေရဲ့ လုံခြုဲံရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong က တိုက်တွန်းပြောဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာဘက်က တစုံတရာမှတ်ချက်ပေးတာမရှိသေးပါဘူး။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာကြောင့် နယ်စပ်ဒေသ နယ်မြေစိုးမိုးရေးကြိုးစားနေတယ်လို့တော့ စစ်ကောင်စီက ပြီးခဲ့တဲ့ အပတ်က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ ကျည်တွေ ပစ်မှတ်ကိုကျော်လွန်ပြီးတော့ တရုတ်နယ်စပ်ကိုကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသားတဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ Asia Times သတင်းမှာလည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ပြန်ရဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားသလို၊ သဘောထားကွဲလွဲမှုတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းကြဖို့နဲ့ ရင်ကြားစေ့ရေး အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ အားလုံးကို ပံ့ပိုးကူညီသွားမယ်လို့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG