သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်သူ ဂျပန် ၂၅ ယောက်ကို ကမ္ဘောဒီးယားက နှင်ထုတ်


CRYPTO-CURRENCY/CRIME
CRYPTO-CURRENCY/CRIME

အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ဂျပန်နိုင်ငံသား ၂၅ ယောက်ကို ကမ္ဘောဒီးယား နိုင်ငံက ဒီကနေ့ပဲ နှင်ထုတ်လိုက်ပါတယ်။ ဂျပန်အာဏာပိုင်တွေရဲ့ အကူအညီ တောင်းခံချက်အရ အွန်လိုင်း လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မသင်္ကာသူ ဂျပန်နိုင်ငံသား ၂၅ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဖနွမ်ပင် မြို့တော်မှာ ဖမ်းဆီးခဲ့တာလို့လည်း ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Keo Vanthan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ဂျပန်နိုင်ငံက လူတွေကို အဓိက ပစ်မှတ်ထား လိမ်ညာနေတာလို့လည်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ပြောခွင့်ရ Chhay Kim Khoeun ကပြောပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ လိမ်လည်နေတဲ့ ရာဇဝတ်မှုတွေမှာ ဂျပန်နိုင်ငံက ယာကူဇာဂိုဏ်းတွေ ပိုမိုပါဝင်လာနေတယ်လို့လည်း ကျွမ်းကျင်သူ တချို့က သုံးသပ်နေကြပါတယ်။

ဒေသတွင်း နိုင်ငံတွေက ဥပဒေစိုးမိုးမှု အားနည်းတဲ့ နယ်မြေတွေမှာ အဓိက အခြေစိုက်ပြီး အွန်လိုင်းက လိမ်လည်မှုတွေမှာ တရုတ်နိုင်ငံသား အများအပြား ပစ်မှတ်ထား ခံခဲ့ရတာကြောင့် တရုတ်အစိုးရက မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မကြာသေးခင်ကစ နှိမ်နင်းမှုတွေကိုလည်း တိုးမြှင့်လာခဲ့တာပါ။ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ သွေးဆောင်ဖြားယောင်ခံခဲ့ရတယ်လို့ဆိုတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကိုလည်း ထိုင်းအစိုးရက တရုတ်နိုင်ငံကနေတဆင့် နေရပ်ပြန်လည် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း ထိုင်းအာဏာပိုင်တွေက ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG