သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကလေးငယ်တွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ဖို့ WHO တောင်းဆို


ရေကြီးရေလျှံခဲ့တဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကလေးငယ်တွေအပါအဝင် ဒေသခံအများအပြား ရွှေ့ပြောင်းပေးနေစဉ် (သြဂုတ် ၂၀၂၃)
ရေကြီးရေလျှံခဲ့တဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကလေးငယ်တွေအပါအဝင် ဒေသခံအများအပြား ရွှေ့ပြောင်းပေးနေစဉ် (သြဂုတ် ၂၀၂၃)

တရုတ်နိုင်ငံက ကလေးငယ်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေ တိုးဖြစ်နေတာနဲ့ အဆုတ်ရောင် နမိုးနီးယားရောဂါ အစုလိုက်ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေနဲ့ပါတ်သက်လို့ အသေးစိတ်ကို ရှင်းပြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရားဝင် တောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းက ကလေးငယ်တွေကြား နမိုးနီးယားအဆုတ်ရောင်သလို ရောဂါအမည်မဖော်နိုင်တဲ့ ရောဂါတွေ အစုလိုက် အပြုံလိုက် ဖြစ်နေတယ်လို့ သတင်းမီဒီယာတွေနဲ့ ProMED ဆိုတဲ့ ကမ္ဘာတဝန်း ရောဂါဖြစ်ပွားမှု စောင့်ကြည့်နေတဲ့စနစ်က နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြတာကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပြထားပါတယ်။

အဲဒီလိုရောဂါဖြစ်နေတာဟာ တရုတ်အာဏာပိုင်တွေ အစောပိုင်းက‌ ထုတ်ပြန်ထားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်နေသလားဆိုတာ မရှင်းလင်းဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ တရုတ်နိုင်ငံမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံထဲမှာ အသက်ရှူလမ်းကြောင်းပြဿနာနဲ့ ဖျားနာသူတွေ တိုးနေတယ်လို့ တရုတ်အမျိုးသား ကျန်းမားရေးကော်မရှင်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သူတို့ကတော့ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေဖယ်ရှားပေးခဲ့တာနဲ့ တုပ်ကွေး၊ ကလေးငယ်တွေကြားကူးစက်တဲ့ RSV လိုအသက်ရှူလမ်းကြောင်းဆိုင်ရာဂါ က Mycoplasma အဆုတ်ရောင်ရောဂါ၊ ကိုဗစ်ကပ်ရောဂါတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်းမှာ အောက်တိုဘာလလယ်မှာ တုပ်ကွေးလို ရောဂါမျိုး ဖြစ်ပွားသူတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုအချိန်မျိုးထက် ပိုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းတွေအရ ကလေးငယ်တွေကြား အစုလိုက် အပြုံလိုက်ဖြစ်နေတယ်ဆိုတဲ့ ရောဂါနဲ့ပတ်သက်လို့ ဆေးခန်းအချက်အလက်နဲ့ သုံးသပ်ချက်တွေ၊ ဓါတ်ခွဲခန်းရလာဒ်တွေကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်အစိုးရကို တောင်းဆိုထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG