သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆမတန် တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အိမ်ရှင်မတွေရဲ့ စိုးရိမ်ရင်ဖွင့်သံ


စားသောက်ကုန် ဈေးနှုန်းတွေ ဒီနှစ်ထဲ အဆမတန် ထိုး တက်လာတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အဆိုးဆုံး အခြေအနေဖြစ်တယ်လို့ အိမ်ရှင်မတွေက ပြောဆိုကြပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြား အိမ်ရှင်မတွေရဲ့ စိုးရိမ်ကြောင့်ကြ ရင်ဖွင့်သံတချို့ကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ထိုးတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အိမ်ရှင်မတွေရဲ့ စိုးရိမ်ရင်ဖွင့်သံ (အမျိုးသမီးကဏ္ဍ)

ဒီနှစ် ၂၀၂၃ ခုနှစ်ထဲ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် ထိုး တက်လာတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အဆိုးဆုံး အခြေအနေ ဖြစ်တယ်လို့ မြန်မာအိမ်ရှင်မတွေက ပြောဆိုကြပါတယ်။ စားဝတ်နေရေး ကျပ်တည်းမှုတွေ ပိုများလာသလို၊ ခိုးဆိုးလုယက် ရာဇဝတ်မှုတွေလည်း ပိုများလာတာကြောင့် ဘေးကင်းလုံခြုံမှု ဆိုတာ မခံစားရတော့ဘူးလို့လည်း ပြောဆိုကြပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြား မြန်မာအိမ်ရှင်မတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ခံစားချက် ရင်ဖွင့်သံတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

XS
SM
MD
LG