No media source currently available
ရှမ်းပြည်မြောက်ပိုင်းမှာ မကြာသေးခင်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရသူတွေ နေရပ်ပြန်ရာမှာ ကန့်သတ်မှုတွေ ကြုံနေကြရပါတယ်။ လားရှိုးမြို့မှာ ဆိုရင်လည်း စစ်ကောင်စီက စစ်ဆေးမှုတွေနဲ့ ကန့်သတ်မှုတွေကြောင့် တချို့က ရက်နဲ့ချီ လမ်းပေါ်မှာ ပိတ်မိနေသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။