သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ဦးဆောင်တဲ့ မြန်မာ့ စာနာမှုအကူအညီပေးရေးယန္တရား စစ်ကောင်စီပါဝင်မည်


ထိုင်းအစိုးရသစ်တက်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ ဝန်ကြီးချုပ် Srettha Thavisin (စက်တင်ဘာ ၅၊ ၂၀၂၃)
ထိုင်းအစိုးရသစ်တက်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ ဝန်ကြီးချုပ် Srettha Thavisin (စက်တင်ဘာ ၅၊ ၂၀၂၃)

မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်မယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး ယန္တရားတခုတည်ထောင်ဖို့ ဝန်ကြီးချုပ် Srettha Thavisin ဦးဆောင်တဲ့အစိုးရက စီစဉ်နေတဲ့အကြောင်း ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီ အစီအစဉ်မှာ ပါဝင်ဖို့ ထိုင်းအစိုးရက မြန်မာစစ်ကောင်စီ အပါအဝင် တခြားနိုင်ငံတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ ဒီအကူအညီပေးရေး ယန္တရား အကောင်အထည်ဖော်ရေး နဲ့ ပတ်သက်ပြီး ဒီလ ၇ ရက်က လုပ်ခဲ့တဲ့ (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpree Bahiddha-Nukara တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် နေထိုင်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေကို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း ဆောင်ရွက်ပေးနိုင်ဖို့ နှစ်နိုင်ငံလုံးက သဘောတူထားကြောင်းကိုလည်း မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ ရက်နေ့အထိ တိုကျိုမှာကျင်းပခဲ့တဲ့ အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးမှာလည်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဆွေးနွေးခဲ့သေးတယ်လို့ ထိုင်း ဝန်ကြီးချုပ် Srettha က သတင်းထောက်တွေကို ပြောထားပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ကီလိုမီတာ ၂,၀၀၀ ကျော် ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီတရပ် ဖွဲ့စည်းရာမှာ ဂျပန်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့် ရှိနေတယ်လို့လည်း ထိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အခုလို ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ချဉ်းကပ်မှုပုံစံအသစ်ဟာ ထိရောက်မှု ရှိမယ်၊ မရှိဘူး ဆိုတာကိုတော့ လေ့လာသူတွေက သံသယနဲ့ စောင့်ကြည်နေတယ်လို့လည်း ထိုင်းနိုင်ငံထုတ် Tai PBS သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG