သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပိုမိုဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော်‌ အစိုးရကိုတိုက်တွန်း


မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ပြောကြားနေစဉ်
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ပြောကြားနေစဉ်

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဖြေရှင်းရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံအဖွဲ့၊အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီးသံတမန်ရေးနည်းနဲ့ ပိုပြီးပြီးထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ အောက်လွှတ်တော်အမတ်တွေက ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ ကော်မတီအစည်းအဝေးမှာ အကြံပြုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနအနေနဲ့ NUG ကြားကာလအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် မြန်မာ့အရေးမှာအရေးပါသူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့၊မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေလျော့ကျသွားအောင် သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးဖို့၊ မြန်မာနိုင်ငံကဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်သုံးသပ်တဲ့ရုံးခန်းတခုကို ထိုင်းအစိုးရနဲ့စစ်တပ်ပေါင်းပြီး ဖွင့်လှစ်ဖို့ ထိုင်းနိုင်ငံထဲမှာရောက်နေကြတဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ စတဲ့အချက်တွေကို ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အဆိုပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG