သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်အရေး တရုတ်ကြားဝင်စေ့စပ်မှုသုံးသပ်ချက်


စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက်၊ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။

ရှမ်းမြောက်အရေး တရုတ်ကြားဝင်စေ့စပ်မှုသုံးသပ်ချက်

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက်၊ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။ အမေရိကန်အခြေစိုက် တရုတ် အရေးကျွမ်းကျင်သူ တဦးကတော့ တရုတ်အစိုးရ ကြားဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က သူ့ရဲ့ လုံခြုံရေးပြဿနာဖြစ်လာတဲ့ ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းတွေကို ချေမှုန်းဖို့သာ ဖြစ်ပြီး စစ်အာဏာရှင် ဖြုတ်ချဖို့ မရှိဘူးလို့ သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့နိုင်ငံရေးမှာ အာဏာရလာတဲ့ ဘယ်လို အင်အားစုနဲ့ မဆို ပူးပေါင်းဖို့ တရုတ်နိုင်ငံဘက်က စောင့်ကြည့်နေပြီး ဘက်မလိုက်တဲ့ ရပ်တည်ချက် ချမှတ်ထားကြောင်းဝါရင့်မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ထောက်ပြပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG