သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် နိုင်ငံကူးဖို့ကြိုးစားသူတွေအရေး ကန် နဲ့ မက္ကဆီကို ဆွေးနွေး


အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တရားမဝင် နိုင်ငံကူးဖို့ကြိုးစားသူတွေပိုများလာ (ဒီဇင်ဘာ ၂၀၂၃)
အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တရားမဝင် နိုင်ငံကူးဖို့ကြိုးစားသူတွေပိုများလာ (ဒီဇင်ဘာ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နိုင်ဖို့ မက္ကဆီကိုနိုင်ငံနဲ့ကပ်နေတဲ့ အမေရိကန် အနောက်တောင်ပိုင်းနယ်စပ်ကို ရောက်လာသူတွေ အဆမတန်များလာနေတဲ့ကိစ္စအပေါ် အမေရိကန်ထိပ်တန်းသံတမန်တွေနဲ့ မက္ကဆီကို သမ္မတတို့ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံပြောင်းအခြေချဖို့ တရားမဝင် ကြိုးစားသူတွေ လျှော့ချနိုင်ရေးအတွက် အမေရိကန်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ မက္ကဆီကိုဘက်က ပြောပါတယ်။ အရေးကြီးတဲ့ သဘောတူမှုဖြစ်တယ်လို့ မက္ကဆီကို သမ္မတ López Obrador ကလူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဦီးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မက္ကဆီကို နိုင်ငံကို သွားရောက်ပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တရားမဝင်ရောက်လာသူတွေ လှိမ့်ဝင်လာနေတာကို ကန့်သတ်ဖို့ သူ့ဘက်က လိုလားတယ်လို့ သမ္မတ Obrador က ပြောကြားခဲ့ပါတယ်။ နယ်စပ်ရောက်လာနေသူအများစုက ကျူးဘား နဲ့ ဗင်နီဇွဲလား နိုင်ငံတွေက ဖြစ်တာကြောင့် အဲဒီနိုင်ငံတွေနဲ့ အမေရိကန်ဆက်ဆံရေးတိုးတက်စေချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အမေရိကန်ထဲ တရားမဝင် ဝင်ရောက်လာသူတွေ စံချိန်တင်များနေတဲ့ ကိစ္စက ရှေ့နှစ်ကျင်းပမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် အဓိက ထောက်ပြဆွေးနွေးစရာဖြစ်နေတာမို့ ဒီကိစ္စကို အမေရိကန်အစိုးရတာဝန်ရှိသူတွေ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG