သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDAA ပါ မြန်မာ့အရေးထောက်ပံ့မှု ဘယ်လောက်ထိရောက်ခဲ့သလဲ


အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ BURMA ACT အတိုင်း မြန်မာ့အရေး လူသားချင်းစာနာမှုအကူအညီအပြင် NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေဆီ ရံပုံငွေတွေရောက်ရှိရေး ဖိအားပေးဆောင်ရွက်နေကြောင်း LA2M လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဂျိမ်းစ်ရွှေက ဗွီအိုအေကိုပြောပါတယ်။ အမေရိကန်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ပေါင်း ၂၄ ဖွဲ့က အမေရိကန်နိုင်ငံခြားရေးဌာနကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တိုက်ရိုက်စာရေးသားပေးပို့ခဲ့ပြီး နောက်ဆက်တွဲအခြေအနေတွေအကြောင်း ဂျိမ်းစ်ရွှေကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အမေရိကန်မှာရှိိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေကနေပြီးတော့ပေါ့လေ- လက်ရှိ အမေရိကန်အစိုးရကနေပြီးတော့ မြန်မာနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်နေတဲ့အပိုင်း အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၂ နိုင်ငံအလိုက် အကြမ်းဖက်မှုအခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ဖော်ပြထားတဲ့ အချက်ထဲမှာ NUG နဲ့ PDF တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ထည့်သွင်းထားတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဌာနကို ကိုဂျိမ်းရွှေတို့က စာရေးသား ပေးပို့ထားတယ်၊ အဲဒီ အပိုင်းမှာလည်း နိုင်ငံခြားရေးဌာနက ပြန်ပြီး တုံ့ပြန်ထားတဲ့အပိုင်းမှာ သူတို့ရဲ့ မူဝါဒမဟုတ်ဘူး ဆိုတာလည်း တုံ့ပြန်ထားတယ်ဆိုတော့ နောက်ဆုံးအခြေအနေတွေက ဘယ်လိုတွေ ဖြစ်နေလဲရှင့်။

ဂျိမ်းစ်ရွှေ။ ။ မြန်မြန်ဆန်ဆန်နဲ့ လူတွေ အထင်လွဲမှားနေတာကို ကျနော်တို့ အကိုးအကားပြုပြီးတော့ ဖြေလို့ရတဲ့အတွက်တော့ အဲဒါကိုတော့ ကျနော်တို့က ကျေးဇူးတင်ပါတယ်။​ ဒါပေမဲ့ သူတို့ရဲ့ဖြေကြားချက်က နည်းနည်းအားနည်းနေတယ်ပေါ့။ အဲဒီတော့ အဲဒါထက်ပိုပြီးတော့ နည်းနည်းအားကောင်းတဲ့ဖြေကြားချက်မျိုးရဖို့ ထပ်ပြီး ဆက်သွယ်ပြီးတော့ သူတို့ကို တောင်းထားပါတယ်။ တောင်းထားတော့ သူတို့ကလည်း ကျနော်တို့ကို ဖြေပါတယ်။ ပိုပြီးတော့ ကောင်းတဲ့ ဖြေကြားချက်မျိုးကို ကျနော်တို့ အခု ကြိုးစားနေပါတယ်ပေါ့။ နောက်ပြီးတော့ ဒီ report ကိုလည်း - ဒီအစီရင်ခံစာကိုလည်း သူတို့ ပြင်နိုင်ရင်ပြင်ဖို့ ကြိုးစားနေပါတယ်-ပေါ့၊ နော်။ နောက်ပြီးတော့ အဲဒီအဖြေကို ကျနော်တို့ အခု အာဏာသိမ်းတဲ့ ၃ နှစ်မြောက်ကျလို့ရှိရင် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သူ စတိတ်မဲန့် ထုတ်လေ့ရှိတယ်ဗျာ။ အဲဒီ ထုတ်တဲ့အချိန်မတိုင်ခင် ဖြစ်ဖြစ်၊ ထုတ်တဲ့အထဲမှာဖြစ်ဖြစ် ပါဝင်အောင်ကြိုးစားမယ်လို့ ကျနော်တို့ကို တိုက်ရိုက်ပြောတာတော့မဟုတ်ဘူးဗျာ၊ သူတို့ကတော့ imply လုပ်တာပေါ့လေ။ အဲဒါမျိုးတော့ ကျနော်တို့ နားလည်တယ်။ ကျနော်တို့ ရပ်ပြီးတော့ မထားပါဘူး၊ ဆက်ပြီးတော့ ပိုပြီးတော့ ရှင်းလင်းတဲ့အဖြေရရအောင် ကျနော်တို့တောင်းနေပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ တဘက်မှာလည်း Burma Act ပေါ့နော်၊ အခု အမေရိိကန်လွှတ်တော်ကလည်း အတည်ပြုလိုက်တယ်။ သမ္မတဘိုင်ဒန်ကလည်း လက်မှတ်ရေးထိုးပြီးတော့ ပြဌာန််းလိုက်တဲ့ Burma Act မှာ ဆိုလို့ရှိရင်လည်း NUG - အမျိိုးသားညီညွတ်ရေးအစိုးရတို့၊ နောက် တိုင်းရင်းသားလက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ၊ EAO တွေကို အသိအမှတ်ပြုတဲ့သဘောမျိုးပေါ့နော်၊ သူတို့တွေရဲ့ရပ်တည်ချက်၊ အရပ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုတွေမှာလည်း ပံ့ပိုးပေးရမယ်ဆိုတဲ့ အပိုင်းမျိုးလည်း ပါထားတာလည်း တွေ့ရတဲ့အခါကျတော့ အဲဒီအပိုင်းမှာ စောစောက အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ပေါ့နော်၊ အမေရိကန်လွှတ်တော်ကတောင်မှ အသိအမှတ်ပြု ပြဌာန်းထားတဲ့ကိစ္စမှာ အမေရိကန်အစိုးရက ဒါကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ- မြန်မာ့အရေးကိုရော ဘယ်လိုမြင်လဲရှင့်။

ဂျိမ်းစ်ရွှေ။ ။ အဲဒါကိုလည်း ကျနော်တို့ နောက်ဆုံးတခါဆက်သွယ်တော့လည်း အဲဒါကို ထပ်ပြီးပြောတယ်။ ဒီ Burma Act ထဲမှာ အတိအလင်း NUG ရယ်၊ ERO တွေရယ်၊ PDF တွေရယ်ကို သူတို့ ထောက်ခံရမယ်၊ ထောက်ပံ့ရမယ်ဆိုတာ အတိအလင်း ရေးထားတယ်။ ပြီးတော့ကာ United States - သူတို့ U.S Oat ပေါ့ဗျာ၊ ဥပဒေ …. 2 ဆိုတာ ရှိတယ်။ အဲဒီမှာ terrorist ဆိုတာ ဘယ်လိုအခြေအနေမျိုးရောက်မှ terrorist ဆိုပြီးတော့ ခေါ်သင့်တယ်၊ သတ်မှတ်သင့်တယ်-ဆိုတာ ရှိတယ်။ အဲဒါကို သူတို့ရေးတဲ့စာထဲမှာလည်း ကျနော်တို့ ထည့်ရေးလိုက်တယ်။ ‘ခင်ဗျားတို့ ရေးထားတဲ့ …ထဲမှာ ခင်ဗျားတို့ရဲ့ ကံထရိုက်တာကနေပြီး ရေးလိုက်တာ …… နဲ့ လုံးဝ မကိုက်ညီဘူး။ နောက်ပြီးတော့ Burma Act နဲ့လည်း လုံးဝ မကိုက်ညီဘူးဆိုတာလေ။ အဲဒါကြောင့် သူတို့ ချက်ခြင်း response လုပ်ပါတယ်။

အင်ကြင်းနိုင်။ ။ အမေရိကန်အစိုးရအနေနနဲ့ပေါ့နော်- အခုလိုမျိုး သူတို့ဘက်မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့ အမြင်တွေပိုင်းမှာ ဒီမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲရှင့်။

ဂျိမ်းစ်ရွှေ။ ။ ကျနော်တို့အမြဲတမ်းပြောတယ်၊ ခင်ဗျားတို့ ဒါ Burma Act စထွက်လာတုန်းက NUG တွေ၊ ERO တွေ၊ PDF တွေပါတော့ ကျနော်တို့ ဗမာပြည်က လူတွေအကုန်လုံးက ပီတိတွေဖြစ်နေတာ။ ပြီးတော့မှ ခင်ဗျားတို့က တနှစ်ကြာတော့မှ ဘာမှ မလုပ်သေးတော့။ ဆက်တိုက်တော့ ကျနော်တို့လုပ်နေပါတယ်။ နောက်ပြီးတော့ နှစ်တိုင်း ပိုက်ဆံရဖို့ကလည်း ကျနော်တို့ ဒီလို လုပ်ရတယ်လေ။ ပြီးတော့မှ ဒီပိုက်ဆံကို အကျိုးရှိစွာသုံးဖို့ပဲ၊ အကျိုးရှိစွာ ဖြန့်ဝေဖို့ ဒါက ပိုအရေးကြီးတယ်။ မနှစ်တုန်းက ၁၃၆ သန်းရတယ်။ သူတို့ သန်း ၈၀ ပဲ​သုံးတယ်လေ။ ၅၆ သန်းက သူတို့ ပြန်ပေးလိုက်တယ်။ အဲဒီ သန်း ၈၀ ထဲမှာ ၆၄ သန်းက UN ကိုပေးလိုက်တယ်။ World Food Program တခုတည်းနဲ့ သူတို့ သန်း ၅၀ ပေးတာ။ အဲဒီတော့ အဲဒါတွေက ဘာမှ အကောင်အထည် ထဲထဲဝင်ဝင် မတွေ့ရဘူးပေါ့။ အဲဒီတော့ အဲဒါတွေကို ကျနော်တို့က တချိန်လုံးတင်ပြနေပြီးတော့ ‘ခင်ဗျားတို့ ပိုက်ဆံခွဲဝေတဲ့နည်းတော့ ပြောင်းသင့်တယ်။ ပြီးတော့မှ ခင်ဗျားတို့ NUG တို့ ဘာတို့နဲ့ ညှိနှိုင်းသင့်တယ်ပေါ့။ သူတို့ ညှိနှိုင်းခွင့်ပေးသင့်တယ်ဆိုတာလေ။ တခါတလေကျရင်လည်း အဲလိုပဲ တချို့ NGO တွေ ဘာတွေက သူတို့လုပ်နေကျဆိုတော့ ဒီပိုက်ဆံ သူတို့လွတ်သွားမှာစိုးလို့ နည်းနည်း လိုက်ပြီးတော့ နှေးအောင်လုပ်တာတို့ ဘာတို့ - အဲဒါမျိုးတော့ ရှိမယ်ထင်တယ်။

တိုက်ရိုက် လင့်ခ်
NDAA ပါ မြန်မာ့အရေးထောက်ပံ့မှု ဘယ်လောက်ထိရောက်ခဲ့သလဲ
please wait

No media source currently available

0:00 0:05:30 0:00
XS
SM
MD
LG