သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDAA ဥပဒေ အထက်လွှတ်တော်အတည်ပြု 


သတင်းထောက်တွေရှေ့စကားပြောဖို့ထွက်လာတဲ့ အမေရိကန် အထက်လွှတ်တော်လူအများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကို ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အဆောက်အဦအတွင်း ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်
သတင်းထောက်တွေရှေ့စကားပြောဖို့ထွက်လာတဲ့ အမေရိကန် အထက်လွှတ်တော်လူအများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကို ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အဆောက်အဦအတွင်း ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်

အမေရိကန်ပြည်ထောင်စု အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်ပြီမို့ အထက်လွှတ်တော်က ပြင်ဆင်ထည့်သွင်းအတည်ပြုချက်တွေအပေါ် အောက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးအတည်ပြုကြရဦးမှာဖြစ်ပါတယ်။ ဒီမိုကရက် အများစုလွှမ်းမိုးတဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၆ မဲ ကန့်ကွက်မဲ ၁၁ မဲ နဲ့ ကြာသပတေးနေ့က အတည်ပြုခဲ့တာကြပါတယ်။
ဇူလိုင်လဆန်းတုန်းကတော့ Republican အမတ်တွေလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၁၉ မဲ ကန့်ကွက်မဲ ၂၁၀ နဲ့ကပ်ပြီး အတည်ပြုခဲ့ပါတယ်။ အခုတခါ အထက်လွှတ်တော်က ပြင်ဆင်အတည်ပြုတဲ့ မူကြမ်းနဲ့ အောက်လွှတ်တော်မှာ အတည်ပြုထားတဲ့ မူကြမ်းတွေကို နှိုင်းယှဉ်ပြီး လွှတ်တော်အမတ်တွေ အလျော့အတင်းလုပ်ပြီး လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုနိုင်ဖို့ ကြိုးစားကြရဦးမှာပါ။ ဒေါ်လာသန်းပေါင်း ၈၈၆ ဘီလျံသုံးစွဲမယ့် အသုံးစရိတ် ဥပဒေမှာ AI ဉာဏ်ရည်တုနဲ့ တပိုင်းလျှပ်ကူး Semiconductor လုပ်ငန်းတွေလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံမှာ ရင်းနှီးမြှပ်နှံတာ၊ နည်းပညာတွေအသုံးချတာကို ကန့်သတ်ထားပါတယ်။

ဒါ့အပြင် အမေရိကန်စစ်မှုထမ်းတွေကို လစာ ၅.၂ ရာခိုင်နှုန်းအထိ တိုးပေးဖို့၊ ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့တွေ ပါဝင်သလို၊NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမည်နဲ့တကွ ဖော်ပြပြီး လက်နက်မဟုတ်တဲ့ အကူအညီတွေ၊ ကျွမ်းကျင်မှုအကူအညီတွေပေးဖို့ ခွင့်ပြုထားပါတယ်။

NDAA ဥပဒေ အထက်လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG