သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အားပေးကူညီဖို့ အမေရိကန်သံရုံးအကြီးအကဲသစ် ကတိပြု


ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အကြီးအကဲသစ် Susan Stevenson
ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အကြီးအကဲသစ် Susan Stevenson

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ရေး တောင့်တနေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးသွားမယ့်အကြောင်းနဲ့ ဒီလို အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု ထောက်ခံအားပေးခွင့်ရတာကို ဂုဏ်ယူတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အကြီးအကဲသစ် Susan Stevenson က Facebook ကနေ မိတ်ဆက်ထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခအဖြေရှာရေး ဒီမိုကရေစီရေးအတွက် အားထုတ်မှုတွေကို အားပေးထောက်ခံသွားမယ့်အကြောင်းပြောဆိုပါတယ်။

"၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနဲ့ သင်တို့ရဲ့ လွတ်လပ်မှုတွေ ကြုံလှီချည့်နဲ့သွားတဲ့အကြောင်းကို သိရတော့ ကမ္ဘာတစ်ဝန်းက လူတွေလိုပါပဲ ကျွန်မလည်း တုန်လှုပ်ချောက်ချားမိပါတယ်။သံရုံးအဖွဲ့သားတွေနဲ့ ကျွန်မကိုယ်တိုင်လည်း သင်တို့ ကြံ့ကြံ့ခံရင်ဆိုင်နေကြရတဲ့ ပြင်းထန်ဆိုးရွားတဲ့ အခက်အခဲတွေကို အလေးအနက် နားလည်သိရှိကြပါတယ်။ မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး မတရားဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လည်လွတ်မြောက်မယ့် အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခုကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာထောက်ခံအားပေးတယ်ဆိုတာကို သင်တို့ကို သိစေချင်ပါတယ်။ ဒီသန္ဓိဋ္ဌာန်က စကားလုံးသက်သက်ဆိုတာထက် ပိုပါတယ်။ "

သံရုံးအကြီးအကဲ Susan Stevenson ဟာ ထိုင်းနိုင်ငံမှာ သံအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန် မြန်မာနိုင်ငံကို ၁၉၉၄ ခုနှစ်က ရောက်ခဲ့ဖူးသလို ၁၉၉၇၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ထပ်မံရောက်ခဲ့ဖူးပါတယ်။ ပိုပြီး ပွင့်လင်းပျော့ပြောင်းတဲ့ အစိုးရတစ်ရပ်အောက်က တိုးတက်ပြောင်းလဲလာမှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့အကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်တဲ့သူတွေဆီ ပေးအပ်နိုင်ဖို့၊ အထူးသဖြင့် အာဏာရှင်အဖွဲ့အစည်းရဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတဲ့အကြောင်း သံရုံးအကြီးအကဲ​Susan Stevenson က ပြောဆိုထားပါတယ်။

မြန်မာ့အရေး အားပေးကူညီဖို့ အမေရိကန်သံရုံးအကြီးအကဲသစ် ကတိပြု
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG