သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လုံၿခဳံံေရးအထူးသတိထားဖို႔ ျမန္မာေရာက္ ကန္ႏိုင္ငံသားေတြကို သံ႐ုံးသတိေပး 


ရန္ကုန္ျမိဳ ့ရွိ အမေရိကန္သံရ႔ံုး (ဓာတ္ပံု-AFP)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ တႏွစ္ျပည့္အခ်ိန္ကာလ ရန္ကုန္နဲ႔ အနီးဝန္းက်င္မွာ ဒီရက္ပိုင္း တင္းမာမႈေတြ ပိုၿပီး ႀကီးထြား လာႏိုင္တဲ့အတြက္ လုံၿခဳံေရးအရ သတိထားၾကဖို႔ ျမန္မာႏိုင္ငံေရာက္ အေမရိကန္ႏိုင္ငံသားေတြကို အေမရိကန္သံ႐ုံးက ဒီကေန႔ ရက္စြဲနဲ႔ သတိေပးခ်က္ ထုတ္ျပန္ပါတယ္။

ဒီရက္ပိုင္း လူအမ်ား စုေဝးသြားလာတဲ့ ေနရာေတြကို ေရွာင္ဖို႔နဲ႔ အျပင္မွာသြားလာတဲ့ လႈပ္ရွားမႈေတြ တတ္ႏိုင္သမွ်ေလွ်ာ့ဖို႔ အႀကံေပးထားတာျဖစ္ပါတယ္။ ကိုယ့္လုံၿခံေရးကို ကိုယ့္ဖာသာ သုံးသပ္ဆင္ျခင္ၿပီး သိုသိုသိပ္သိပ္ေနထိုင္ၾကဖို႔ သတိေပးထား သလို၊ တယ္လီဖုန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ႏိုင္တာကိုလည္း ႀကိဳတင္စီစဥ္ထားၾကဖို႔ သတိေပးထားပါတယ္။ အီလက္ထေရာနစ္ပစၥည္းေတြကို ႀကိဳၿပီး အားသြင္းထားတာမ်ိဳး၊ လိုအပ္ရင္ ေရနဲ႔ အစားအေသာက္ေတြ ႀကိဳတင္ စုေဆာင္းတာ မ်ိဳးနဲ႔ ရက္အတန္ၾကာ ခိုလႈံေနထိုင္ႏိုင္တဲ့ေနရာမ်ိဳးေတြအတြက္ ျပင္ဆင္ဖို႔ကိုပါ အႀကံေပးထားတာျဖစ္ပါတယ္။

ဆက္သြယ္ေရးျပတ္ေတာက္မႈေတြ ျဖစ္လာရင္ သံ႐ုံးဘက္က အခ်ိန္နဲ႔တေျပးညီ သတင္းေတြ ထုတ္ျပန္ေၾကညာေပးႏိုင္တာမ်ိဳး ရွိခ်င္မွ ရွိမယ္ဆိုတာကိုလည္း သတိေပးထားပါတယ္။ ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔ အၾကမ္းဖက္မႈေတြ ရွိခဲ့တာေၾကာင့္ အေမရိကန္ႏိုင္ငံသားေတြကို ျမန္မာႏိုင္ငံသြားရင္ သတိထားဖို႔၊ ျဖစ္ႏိုင္ရင္ မသြားဖို႔ ခရီးသြားလာမႈဆိုင္ရာ အဆင့္ ၄ အထူး သတိ ေပးခ်က္ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။ ဒါဟာ ျပည္ပခရီးသြားလာမႈနဲ႔ပတ္သက္ရင္ အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္သတိေပးခ်က္ေတြထဲမွာ အျမင့္ဆုံးအဆင့္ျဖစ္ပါတယ္။

အေရးေပၚအေျခအေနမွာ သံ႐ုံးရဲ႕ လုပ္ငန္းနဲ႔အကူအညီေတြ အျပည့္အဝမရႏိုင္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


လုံခြုံံရေးအထူးသတိထားဖို့ မြန်မာရောက် ကန်နိုင်ငံသားတွေကို သံရုံးသတိပေး

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တနှစ်ပြည့်အချိန်ကာလ ရန်ကုန်နဲ့ အနီးဝန်းကျင်မှာ ဒီရက်ပိုင်း တင်းမာမှုတွေ ပိုပြီး ကြီးထွား လာနိုင်တဲ့အတွက် လုံခြုံရေးအရ သတိထားကြဖို့ မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။

ဒီရက်ပိုင်း လူအများ စုဝေးသွားလာတဲ့ နေရာတွေကို ရှောင်ဖို့နဲ့ အပြင်မှာသွားလာတဲ့ လှုပ်ရှားမှုတွေ တတ်နိုင်သမျှလျှော့ဖို့ အကြံပေးထားတာဖြစ်ပါတယ်။ ကိုယ့်လုံခြံရေးကို ကိုယ့်ဖာသာ သုံးသပ်ဆင်ခြင်ပြီး သိုသိုသိပ်သိပ်နေထိုင်ကြဖို့ သတိပေးထား သလို၊ တယ်လီဖုန်းဆက်သွယ်ရေးတွေ ပြတ်တောက်နိုင်တာကိုလည်း ကြိုတင်စီစဉ်ထားကြဖို့ သတိပေးထားပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေကို ကြိုပြီး အားသွင်းထားတာမျိုး၊ လိုအပ်ရင် ရေနဲ့ အစားအသောက်တွေ ကြိုတင် စုဆောင်းတာ မျိုးနဲ့ ရက်အတန်ကြာ ခိုလှုံနေထိုင်နိုင်တဲ့နေရာမျိုးတွေအတွက် ပြင်ဆင်ဖို့ကိုပါ အကြံပေးထားတာဖြစ်ပါတယ်။

ဆက်သွယ်ရေးပြတ်တောက်မှုတွေ ဖြစ်လာရင် သံရုံးဘက်က အချိန်နဲ့တပြေးညီ သတင်းတွေ ထုတ်ပြန်ကြေညာပေးနိုင်တာမျိုး ရှိချင်မှ ရှိမယ်ဆိုတာကိုလည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့တာကြောင့် အမေရိကန်နိုင်ငံသားတွေကို မြန်မာနိုင်ငံသွားရင် သတိထားဖို့၊ ဖြစ်နိုင်ရင် မသွားဖို့ ခရီးသွားလာမှုဆိုင်ရာ အဆင့် ၄ အထူး သတိ ပေးချက် အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါဟာ ပြည်ပခရီးသွားလာမှုနဲ့ပတ်သက်ရင် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်သတိပေးချက်တွေထဲမှာ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေမှာ သံရုံးရဲ့ လုပ်ငန်းနဲ့အကူအညီတွေ အပြည့်အဝမရနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG