သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရာက္ အေမရိကန္ႏိုင္ငံသားေတြ လံုၿခံဳေရး ကန္သံရံုး သတိေပး


ျမန္မာေရာက္ အေမရိကန္ႏိုင္ငံသားေတြအတြက္ ကန္သံရံုးသတိေပးစာ (www.usembassy.gov)

(Zawgyi/Unicode)

အေမရိကန္ ႏုိင္ငံသားေတြ ျမန္မာႏုိင္ငံကို ခရီးမသြားၾကဖို႔၊ ႏုိင္ငံတြင္း ေရာက္ေနၾကတဲ႔ အေမရိကန္ ႏုိင္ငံသားေတြလည္း ႏုိင္ငံကေန ထြက္ခြာၾကဖို႔ ေမလ ၁၈ ရက္ေန႔မွာ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံရံုးက ထပ္မံ သတိေပးထားပါတယ္။

COVID- 19 ကပ္ေဘးေရာဂါ ျဖစ္ေနသလို မတည္ၿငိမ္မႈေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြလည္း ျဖစ္ေနတဲ႔ ျမန္မာႏုိင္ငံကို အေမရိကန္ေတြ ခရီးမသြားဖို႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ၿပီးခဲ႔တဲ႔ ဧၿပီလ ကတည္းက အျမင့္ဆံုး အဆင့္သတ္မွတ္ သတိေပးထားတာ ျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ သတင္းပတ္ အနည္းငယ္ အတြင္း ရန္ကုန္နဲ႔ တျခားၿမိဳ႕ေတြမွာ ေပါက္ကြဲမႈေတြ ပိုျဖစ္လာတာကို သိရွိထားေၾကာင္း သံရံုးထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒီေပါက္ကြဲမႈေတြဟာ စစ္တပ္ အုပ္ခ်ဳပ္ေရး အဖြဲ႔နဲ႔ ပတ္သက္ဆက္ႏြယ္တဲ႔ ေနရာေတြကို အမ်ားစု ပစ္မွတ္ထားေနတာမွာ ၿပီးခဲ႔ သီတင္းပတ္တုန္းကေတာ့ ေပါက္ကြဲမႈ သတင္း ၂ ခုမွာေတာ့ သဃၤန္းကြ်န္းက Lord စားေသာက္ဆိုင္ အနီးနဲ႔ ေျမာက္ဥကၠလာ က Denko ဓာတ္ဆီဆိုင္တို႔မွာ ေပါက္ကြဲမႈ ျဖစ္ခဲ႔တာေတြဟာဆိုရင္ ပစ္မွတ္ထားတဲ႔ ေနရာေတြ ပိုမ်ားလာေနတဲ႔ သေဘာေဆာင္ေနတယ္လို႔လည္း သံရံုး ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ ရွိေနတဲ႔ အေမရိကန္ ႏုိင္ငံသားေတြ အေနနဲ႔ အျပင္ထြက္ရင္လည္း ပတ္၀န္းက်င္ကို သတိထားၾကဖို႔၊ တခုခု သံသယ ျဖစ္ဖြယ္ ေတြ႔တာနဲ႔ အဲဒီေနရာကေန ခ်က္ခ်င္း ထြက္ခြာၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ အေရးေပၚ အေျခအေန အတြက္ အစားအေသာက္ ေငြေၾကး အထုပ္အပိုး ျပင္ဆင္ထားၾကဖို႔ အျပင္ အင္တာနက္နဲ႔ တယ္လီဖုန္း ဆက္သြယ္ေရး ျပတ္ေတာက္သြားႏုိင္တဲ႔ အေျခအေန အတြက္လည္း ႀကိဳတင္ ျပင္ဆင္ထားဖို႔ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံရံုးက ျမန္မာႏုိင္ငံတြင္းမွာ ရွိေနတဲ႔ အေမရိကန္ ႏုိင္ငံသားေတြကို သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာရောက် အမေရိကန်နိုင်ငံသားတွေ လုံခြုံရေး ကန်သံရုံးသတိပေး

(Unicode)

အမေရိကန် နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးမသွားကြဖို့၊ နိုင်ငံတွင်း ရောက်နေကြတဲ့ အမေရိကန် နိုင်ငံသားတွေလည်း နိုင်ငံကနေ ထွက်ခွာကြဖို့ မေလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထပ်မံ သတိပေးထားပါတယ်။

COVID- 19 ကပ်ဘေးရောဂါ ဖြစ်နေသလို မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဖြစ်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်တွေ ခရီးမသွားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အမြင့်ဆုံး အဆင့်သတ်မှတ် သတိပေးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် အနည်းငယ် အတွင်း ရန်ကုန်နဲ့ တခြားမြို့တွေမှာ ပေါက်ကွဲမှုတွေ ပိုဖြစ်လာတာကို သိရှိထားကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုတွေဟာ စစ်တပ် အုပ်ချုပ်ရေး အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တဲ့ နေရာတွေကို အများစု ပစ်မှတ်ထားနေတာမှာ ပြီးခဲ့ သီတင်းပတ်တုန်းကတော့ ပေါက်ကွဲမှု သတင်း ၂ ခုမှာတော့ သင်္ဃန်းကျွန်းက Lord စားသောက်ဆိုင် အနီးနဲ့ မြောက်ဥက္ကလာ က Denko ဓာတ်ဆီဆိုင်တို့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာတွေဟာဆိုရင် ပစ်မှတ်ထားတဲ့ နေရာတွေ ပိုများလာနေတဲ့ သဘောဆောင်နေတယ်လို့လည်း သံရုံး ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အပြင်ထွက်ရင်လည်း ပတ်ဝန်းကျင်ကို သတိထားကြဖို့၊ တခုခု သံသယ ဖြစ်ဖွယ် တွေ့တာနဲ့ အဲဒီနေရာကနေ ချက်ချင်း ထွက်ခွာကြဖို့လည်း တိုက်တွန်းထားပါတယ်။ အရေးပေါ် အခြေအနေ အတွက် အစားအသောက် ငွေကြေး အထုပ်အပိုး ပြင်ဆင်ထားကြဖို့ အပြင် အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ပြတ်တောက်သွားနိုင်တဲ့ အခြေအနေ အတွက်လည်း ကြိုတင် ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG