သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး Burma Act အတိုင်း အကူအညီပေးမှု အားနည်းနေသေး


ဝါရှင်တန်ဒီစီက မြန်မာ့အရေးဆန္ဒပြပွဲမြင်ကွင်း (ယခင်ပုံဟောင်း)
ဝါရှင်တန်ဒီစီက မြန်မာ့အရေးဆန္ဒပြပွဲမြင်ကွင်း (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် BURMA Act ဥပဒေပြင်ဆင်ချက်အပါအဝင် ၂၀၂၃ ခုနှစ် NDAA - အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက မဲခွဲအတည်ပြုပြီး သမ္မတ Joe Biden က မနှစ် ဒီဇင်ဘာလက အတည်ပြု ပြဋ္ဌာန်းလိုက်ပေမယ့် လူသားချင်းစာနာမှု အကူအညီကလွဲလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် ထိရောက်တဲ့ အကူအညီတွေ အမေရိကန်အစိုးရက အခုချိန်ထိ မပေးနိုင်သေးဘူးလို့ Stimson မူဝါဒလေ့လာရေးဌာနရဲ့ သုတေသီ Sydney Tucker က သုံးသပ်ချက် ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

Brma Act ထဲမှာ ဖော်ပြထားတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေ (NUG ၊​ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ) ကို Non-Lethal လို့ ခေါ်တဲ့ လက်နက်မဟုတ်တဲ့ တခြားအထောက်ပံ့တွေပေးဖို့ ထည့်သွင်း ဖော်ပြထားပေမဲ့ လက်ရှိမှာ မြန်မာပြည်အတွက် ပေးနေတဲ့ အထောက်အပံ့တွေကို စီမံခန့်ခွဲနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID တို့ဟာ သမားရိုးကျ လူသားချင်းစာနာမှုအကူအညီကလွဲလို့ တခြား အကူအညီတွေကို အခုချိန်ထိ ပေးတာ မတွေ့ရသေးဘူးလို့ ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံအတွက် သုံးစွဲဖို့ မူလချမှတ်ထားတဲ့ ဒေါ်လာ ၁၃၆ သန်းထက်ကျော်လွန်ပြီး နိုင်ငံခြားရေးနဲ့ USAID တို့ ဌာန ၂ ခုက ဒေါ်လာ ၆၈ သန်းနဲ့ ၈၇ သန်းစီ အသီးသီးသုံးစွဲခဲ့ကြတယ်လို့ ဖော်ပြထားပေမဲ့ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်က တကယ် သုံးစွဲခဲ့တဲ့ ပမာဏဟာ ဒေါလာ ၂၀၄ သန်း အထိရှိတယ်ဆိုတာကို အစိုးရရဲ့ အသုံးစာရင်းတွေ ပြုစုထားတဲ့ Website က တဆင့် သိရှိရတယ်လို့ ဆိုပါတယ်။ Burma Act ပြဋ္ဌာန်းလိုက်ခြင်းက မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီတွေလည်း ပိုရမလာဘူးဆိုတာကိုလည်း ဆောင်းပါးရှင်းက ထောက်ပြထားပါတယ်။

Burma Unified Through Rigorous Military Accountability Act of 2022 လို့ နာမည်ပေးထားတဲ့ ဥပဒေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေချမှတ်ရေး အဓိကရည်ရွယ်တဲ့ ဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးဖို့ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံကတင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကိုတင်ပို့ခွင့် တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦးခန့်အပ် တာဝန်ပေးဖို့နဲ့ ကုလသမဂ္ဂက ထိရောက်တဲ့ အရေးယူမှုတွေလုပ်အောင် အမေရိကန်က တွန်းအားပေးဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေလည်း Burma Act မှာ ထည့်သွင်းထားပါတယ်။

မြန်မာ့အရေး Burma Act အတိုင်း အကူအညီပေးမှု အားနည်းနေသေး
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG