သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးဘေးသင့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယူရိုငွေ ၃ သိန်း EU ကူညီမည်


ဘင်္ဂလားဒေ့ရှ်စခန်းမှာ မီးလောင်ပြီးနောက် နေစရာပြန်လည်စီစဉ်နေကြတဲ့ ရိုဟင်ဂျာများ (ဇန်နဝါရီ ၇၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်စခန်းမှာ မီးလောင်ပြီးနောက် နေစရာပြန်လည်စီစဉ်နေကြတဲ့ ရိုဟင်ဂျာများ (ဇန်နဝါရီ ၇၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက် နေထိုင်တဲ့စခန်း မီးလောင်ခဲ့တဲ့အတွက် ယူရို ၃ သိန်း ကူညီပေးမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။​ အဲဒီ မီးလောင်မှုကြောင့် လူပေါင်း ၅,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။​

အခုပေးတဲ့ အကူအညီက လတ်တလော အရေးပေါ်လိုအပ်နေတဲ့နေရာတွေမှာ သုံးစွဲသွားဖို့ဖြစ်ကြောင်း၊​ အထူးသဖြင့်တော့ နေထိုင်ဖို့၊​ သောက်သုံးရေနဲ့ ပတ်ဝန်းကျင် ပြင်ဆင် တည်ဆောက်ရေးအတွက် သုံးစွဲမှာဖြစ်တယ်လို့ ဒါကာမြို့မှာရှိတဲ့ အီးယူ သံရုံးက ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။

ဒီအကူအညီတွေကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က တခြား စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။​

XS
SM
MD
LG