သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခစခန်း မီးလောင်မှု ကျောင်းသား ၁,၅၀၀ ပညာသင်ခွင့် ထိခိုက်


ကော့က်ဇ်ဘဇားခရိုင် ကူတူးပလောင် ဒုက္ခသည်စခန်းမီးလောင်တဲ့မြင်ကွင်း။ (ဇန်နဝါရီ ၇၊ ၂၀၂၄)
ကော့က်ဇ်ဘဇားခရိုင် ကူတူးပလောင် ဒုက္ခသည်စခန်းမီးလောင်တဲ့မြင်ကွင်း။ (ဇန်နဝါရီ ၇၊ ၂၀၂၄)

ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ရာမှာ စာသင်ကျောင်း ၂၀ မီးထဲပါသွားတဲ့အတွက် အနည်းဆုံး ကျောင်းသား ၁,၅၀၀ ပညာမသင်နိုင်ဖြစ်သွားကြရပါတယ်။ ရိုဟင်ဂျာ ကလေး ၃,၅၀၀ လည်း နေစရာမဲ့သွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ပညာရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောလိုက်ပါတယ်။

ဆုံးရှုံးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စာနာဝမ်းနည်းကြောင်း မနေ့ တနင်္လာနေ့က သတင်းထုတ်ပြန်ရာမှာ ခုလို ပြောလိုက်တာပါ။ ဒေသအချိန် တနင်္ဂနွေနေ့ ကူးကာစ ကောက်စ်ဘဇားက ဒုက္ခသည်စခန်း အမှတ် ၅ မှာ မီးလောင်ခဲ့တာကြောင့် ဒုက္ခသည် ၇.၀၀၀ နီးနီး နေစရာမဲ့ဖြစ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ ဗလီ၊ ကျန်းမာရေးဌာန၊ ကျောင်း စတဲ့ အဆောက်အအုံပေါင်း ၁၂၀ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အသေအပျောက်တော့ မရှိကြောင်း ကောက်စ်ဘဇား ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ စောင့်ရှောက်ရေးနဲ့ ပြန်ပို့ရေးကော်မရှင်က မိုဟာမက် မီဇနား ရာမင်န် (Mohammed Mizanur Rahman) က ပြောပါတယ်။ ကျောင်းတွေ ပြန်ဆောက်နေချိန်အတွင်း ယာယီတဲတွေနဲ့ ကလေးတွေ စာသင်နိုင်အောင်လုပ်ဆောင်နေကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ကလေးအားလုံး လုံခြုံ ကျန်းမာ အကာအကွယ်ပေးနိုင်ဖို့ အခြေခံလိုအပ်ချက်တွေနဲ့ ခိုနားစရာရအောင် ဒေသအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနီးကပ်ပူးပေါင်းလုပ်ဆောင်ဖို့လည်း ယူနီဆက်ဖ်က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG