သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ ယူဂန်ဒါမှာ တွေ့ဖွယ်ရှိ


ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေး (အောက်တိုဘာ ၊၂၀၂၁) ဆားဘီးယားနိုင်ငံ
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေး (အောက်တိုဘာ ၊၂၀၂၁) ဆားဘီးယားနိုင်ငံ

ယူဂန်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟာဆန် မာမွတ် က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော် NAM အစည်းအဝေးတက်ပါမယ်၊ အဲ့ဒီမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဖို့ ရှိပါတယ်။” လို့ Chattogramr မြို့ Shah Amanat International လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားတာပါ။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေးကို ဒီလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ ယူဂန်ဒါနိုင်ငံမှာ ကျင်းပနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ၁.၄ သန်းကို နေရပ်ပြန်ပို့ရေး အစီအစဉ်အတွက် သတင်းထောက်တွေက မေးမြန်းရာမှာလည်း မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ပိုတိုးတက်လာတဲ့ အတွက် သံခင်းတမတ်ခင်းအရ ဖြေရှင်းနိုင်ဖို့ ယုံကြည်ကြောင်းကို ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်လည်ပို့ဆောင်ရေးအတွက် မနှစ်ထဲက ကြိုးပမ်းနေတာပါ။ ကနဦးအနေနဲ့ ရိုဟင်ဂျာပေါင်း ၁ ထောင်ကျော်ကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လိုလားနေတာပါ။ လက်ရှိမှာလည်း ရိုဟင်ဂျာအများအပြားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အချိန်ကာလ ကြာမြင့်စွာခိုလှုံနေရတဲ့အတွက် တိုးပွားလာတဲ့ လူဦးရေ၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ကုန်ကျစရိတ်တွေဟာ ဒီဒုက္ခသည်တွေ ကို ဆက်ပြီးလက်ခံထားနိုင်ဖို့အတွက် ကန့်သတ်ချက် တခုဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးအတွက် နှစ်ကြိမ်တိုင်ကြိုးစားခဲ့ပေမဲ့လည်း ရိုဟင်ဂျာတွေကြားထဲမှာ သူတို့ရဲ့ ဘေးကင်းမှုနဲ့ လုံခြုံရေးကို စိုးရိမ်မကင်းဖြစ်နေကြတဲ့အတွက် အခုအချိန်အထိ နေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ အောင်မြင်မှု မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG