သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၁၃၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံရောက်ရှိ


အင်ဒိုနီးရှားကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
အင်ဒိုနီးရှားကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရိုဟင်ဂျာ ၁၃၀ ကျော် ထပ်ရောက်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒါဟာ လှေစီးပြေး ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားနိုင်ငံအတွင်း လက်ခံရေး၊ မခံရေးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ အခုလို ထပ်ရောက်လာတာပါ။

အင်ဒိုနီးရှားနိုင်ငံ တောင်ဘက် အစွန်းပိုင်း Aceh ဒေသကို ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံတွေက ကမ်းအကပ်မခံဘဲ ပင်လယ်ပြင်ထဲ ပြန်မောင်းထုတ်တာတွေ လုပ်ဆောင်နေပေမယ့် မနှစ် အောက်တိုဘာလကစလို့ ရိုဟင်ဂျာ ၂,၀၀၀ နီးပါး ရောက်လာခဲ့တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

Aceh ဒေသ အရှေ့ပိုင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ရိုဟင်ဂျာ ၁၃၀ ကျော် ရောက်လာကြတာလို့ UNHCR ရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ Faisal Rahman က ပြောပါတယ်။ မနှစ် ဒီဇင်ဘာလတုန်းကလည်း Aceh ပြည်နယ်မြို့တော် Banda Aceh က ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတွေ ဝင်ရောက် စီးနင်းပြီး သူတို့ကို နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်ဟာ အွန်လိုင်းပေါ်မှာ သတင်းတု၊ သတင်းမှားတွေ ထုတ်ပြန်ပြီး စံနစ်တကျ ရည်ရွယ်ချက်နဲ့ ကြိုတင် ကြံစည် လုပ်ဆောင်မှု ဖြစ်တယ်လို့ UNHCR က ပြောပါတယ်။

ရိုဟင်ဂျာ ၁၃၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံရောက်ရှိ
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG