သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတိုင်းရင်းသား ဒုက္ခသည်တွေရဲ့ အကျပ်အတည်း


ချင်းတိုင်းရင်းသား ဒုက္ခသည်တွေရဲ့ အကျပ်အတည်း
please wait

No media source currently available

0:00 0:07:13 0:00

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ချင်းဒုက္ခသည်တွေဟာကူညီ ထောက်ပံ့မှုတွေ မရတဲ့အတွက် အခက်အခဲတွေပိုမိုကြုံတွေ့လာနေပြီး အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ တနေ့တခြား ပိုမို လိုအပ်တွေ့လာနေရတယ်လို့ ချင်းအမျိုးသမီး သုတေသီတွေက ပြောပါတယ်။

ချင်းတိုင်းရင်းသား ဒုက္ခသည်တွေရဲ့ အကြပ်အတည်း

မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ချင်းဒုက္ခသည်တွေ ဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီ ထောက်ပံ့မှုတွေ မရတဲ့အတွက် အခက်အခဲတွေ ပိုမို ကြုံတွေ့လာနေပြီး အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ တနေ့တခြား ပိုမို လိုအပ်တွေ့လာနေရတယ်လို့ ချင်းအမျိုးသမီး သုတေသီတွေက ပြောပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို အမေရိကန် လွှတ်တော်မတ်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေကို တင်ပြပြီး ဒုက္ခသည်တွေအတွက် အကူအညီတွေရဖို့ ကြိုးပမ်းနေကြောင်းလည်း ပြောပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ချင်းဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ကြတဲ့ မေရီလန်းပြည်နယ် ချင်းလူမျိုးများအဖွဲ့က သုတေသီအမျိုးသမီး ၂ ဦးကို ဗွီအိုအေ စတူဒီယိုမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG