သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်က စာသင်ကျောင်း ၂ ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပေါ် UNICEF အပြင်းအထန် ရှုတ်ချ 


ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း နှစ်ကျောင်း
ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း နှစ်ကျောင်း

ကယားပြည်နယ်က စာသင်ကျောင်း ၂ ခုကို လေကြောင်းကတိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက်၊ ကျောင်းဆရာ ၂ ယောက် သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ ကလေး ၁၀၀ ကျော် ရှိနေချိန် တနင်္လာနေ့တုန်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြား ကလေးတွေ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကလေးငယ်တွေအတွက် လုံခြုံမှုပေးရမယ့် စာသင်ကျောင်းတွေ၊ ပညာရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောဆိုထားပါတယ်။ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုဟာ ကလေးငယ် အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG