သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအခြေအနေကြောင့် အကျဉ်းရုံးကျင်းပရတဲ့ မြန်မာနိုင်ငံက တရုတ်နှစ်သစ်ကူးပွဲ


ရန်ကုန်မြို့က တရုတ်ဘုံကျောင်းတခုမြင်ကွင်း (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
ရန်ကုန်မြို့က တရုတ်ဘုံကျောင်းတခုမြင်ကွင်း (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

မနက်ဖြန်မှာ ကျရောက်မဲ့ တရုတ်နှစ်သစ်အတွက် ကမ္ဘာတဝန်း နှစ်သစ်ကြိုဆိုပွဲတွေ၊ ပျော်ပွဲ ရွင်ပွဲတွေ ကြိုတင် ကျင်းပကြနေပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ အရင်နှစ်တွေကလို မဟုတ်ဘဲ အကျဉ်းရုံး ကျင်းပကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လာမဲ့နှစ်ဟာ နဂါးနှစ်ဖြစ်ပြီး တရုတ်ယဉ်ကျေးမှုမှာ နဂါးဟာ သြဇာရှိခြင်း၊ ခွန်အားကြီးခြင်း၊ ကံကောင်းခြင်းနဲ့ ဉာဏ်ပညာရှိခြင်းတွေကို ကိုယ်စားပြုတာကြောင့်လည်း အခွင့်အလမ်းသစ်တွေ ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ရန်ကုန်မြို့က တရုတ်နှစ်သစ်ကူးပွဲတော်အကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူက တင်ပြထားပါတယ်။

ကိုဗစ်မတိုင်ခင်နှစ်တွေက မြန်မာနိုင်ငံမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြီးကြီး ကျယ်ကျယ်ကျင်းပ ခဲ့ကြပေမဲ့ အခုလက်ရှိမှာတော့ နို်င်ငံရေးမတည်ငြိမ်တာတွေ၊ စိုးရိမ်မှုတွေ စီးပွားရေး ကျဆင်းနေတာတွေကြောင့် တရုတ်နှစ် သစ်ကူးပွဲတော်တွေ ကျင်းပတာမရှိသလောက်နည်းသွားပြီး အိမ်တွင်းမှာပဲ ကျင်းပကြပါတယ်။ အရင်နှစ်တွေက တရုတ်နှစ်သစ်ကူး တွေအကြောင်း ရန်ကုန်ဒေသခံ မအေးဆုမိုး ပြောပြတာက

“ အရင်တုန်းကဆိုရင်တော့ စိုးရိမှုတွေ မရှိတဲ့ အတွက် ပွဲတော်တွေကို အများကြီးလုပ်ကြ တယ်၊ တရုတ်တန်းနားမှာဆိုရင်လည်း မီးပုံးတွေ အများကြီး ချိတ်ဆွဲပြီးတော့ ကြည့်လိုက်တိုင်း မျက်စိတဆုုံးမှာ ပွဲတော်တွေကြီးပဲပေါ့နော်၊ အခုဆိုရင်တော့ တော်တော်ကြီးကို နည်းသွားပြီ လူတွေကလည်း စိိုးရိမ်နေတဲ့အတွက် မလုပ်ကြဘူး။ ညီမတို့ကတော့ နှစ်ကူးတာကို အိမ်တွင်း မှာတော့ နှစ်တိုင်းလုပ်ဖြစ်တယ်၊ လည်တဲ့ နေ့ဆိုရင် ကိုယ့်အမျိုးတွေ အိမ်ကိုပဲ လည်တော့ တယ်ပေါ့နော်၊ ပြီးတော့ သူတို့ဆီကို နှစ်ကူးဂါရဝပြုပြီးတော့ သူတို့ဆီက အန်ပေါင်းတွေ တောင်းတယ် အဲလိုတွေပဲ လုပ်ဖြစ်တော့တယ်၊ အရင်ကတော့ တရုတ်ဘုံကျောင်းတွေ သွား တယ် စင်တာတွေမှာ ကလေးတွေ ကစားကြတယ် အမျိုးတွေ တွေ့တယ်၊ အဲလိုမျိုး အရမ်း ပျော်ဖို့ ကောင်းခဲ့ပါတယ်၊ အခုကတော့ အရင်နဲ့ မတူတော့ဘူးပေါ့နော်။”

ရန်ကုန်မြို့လည်က တရုတ်တန်းမှာအရင်က မီးထွန်းပွဲတော်တွေနဲ့ တရုတ်နှစ်သစ်ကူးတွေ စည်းကားခဲ့ပေမယ့် အခုနှစ်တွေမှာတော့ နှစ်သစ်ကူးပွဲတော်တွေမရှိတော့ပါဘူး။ တရုတ်ဘုံကျောင်းတွေမှာလည်း လာရောက်ဆုတောင်းတချို့လောက်သာရှိပါတယ်။

တရုတ်လူမျိုးတွေအနေနဲ့ နှစ်သစ်မှာ စီးပွားလာဘ်လာဘတိုးတက်ဖို့နဲ့ နှစ်သစ်မှာ ကောင်းခြင်း မင်္ဂလာတွေ ရောက်လာအောင် နေအိမ်တွေမှာ ရိုးရာအကအဖွဲ့တွေကို ခေါ်ယူပြီးတော့ ကကြလေ့ရှိတဲ့အကြောင်း မိုးနဂါးအကအဖွဲ့ခေါင်းဆောင် ကိုမောင်ဒိုးက ပြောပါတယ်။

“ ဒီနှစ်ကတော့ နဂါးနှစ်ဖြစ်ပါတယ် နဂါးနှစ်ဆိုတာ ကျနော်တို့ တရုတ်လူမျိုးတွေအတွက် အထွဋ်ထိပ်ဆုံးသော နှစ်ဖြစ်တယ်၊ အဲတာကြောင့် တရုတ်လူမျိုးတွေက ခြင်္သေ့တို့ နဂါးတို့ကို ခေါ်ပြီးတော့ စီးပွားလဒ်လာဘတ် ဖွင့်တဲ့အနေနဲ့ လာဘ်ဖွင့်တဲ့ အနေနဲ့ ကောင်းခြင်းမင်္ဂလာ ဆောင်တဲ့အနေနဲ့ အိမ်မှာခေါ်ပြီးတော့ ကကြတာဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံမှာအရင်က အဲလို အကအဖွဲ့တွေ ၂ဝကျော်လောက်အထိ ရှိပေမယ့် ကိုဗစ်ကပ်ရော ဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နို်င်ငံရေး မငြိမ်မသက်မှုတွေကြောင့် လက်ရှိမှာတော့ ရန်ကုန်မြို့မှာဆိုရင် ၅ဖွဲ့လောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။

“ ကိုဗစ်မတိုင်ခင်ကတော့ ကျနော်တို့ အသင်းတွေ ရပ်တည်လို့ အရမ်းကောင်းပါတယ်၊ ကိုဗစ်ပြီး နောက်ပိုင်းကျတော့ အရမ်းခက်ခဲလာပါတယ်၊ အသင်းတသင်းက ဗမာပြည်မှာ ရပ် တည်ဖို့ အတော်ခက်ခဲပါတယ်၊ ဘက်စုံပေါ့ ငွေရေးကြေးရေးကအစပေါ့နော် နှစ်စဉ်နှစ်တိုင်း အသင်းရပ် တည်ဖို့ တော်တော်ခက်ခဲပါတယ်ဗျာ၊ ဘာလို့လည်းဆိုတော့ ကျနော်တို့ မြန်မာ နိုင်ငံ မှာက သိပ်အဖွံ့ဖြိုးသေးတာရယ်၊ နောက်ငွေရေးကြေးရေးနောက်ခံအား နည်းတာရယ် ဒါကိုအား ပေးတဲ့သူ အရမ်းနည်းသေးတာရယ်ကြောင့် ကျနော်တို့ အသင်းတွေက ရပ်တည်ဖို့ အရမ်း ခက်ခဲပါတယ်။ ”

ရန်ကုန်ကိုလည်းနေရာမျိုးမှာ အရင်တရုတ်သစ်ကူးတွေမှာ ရိုးရာအကပြိုင်ပွဲတွေကျင်းပ တာ တွေရှိပေမယ့် ကိုဗစ်အလွန်နှစ်တွေမှာ ပြိုင်ပွဲတွေလည်း မရှိတော့ဘူးလို့ သူကဆိုပါတယ်။

“ ပြိုင်ပွဲတွေကတော့ ဘယ်နေရာမှမရှိတော့ပါဘူး၊ ပြိုင်ပွဲတွေက လောလောဆယ် ရောဂါကြောင့်ရယ်၊ အိမ်တွေကလည်း တချို့ဟာလေးတွေကလည်း ပြိုင်ပွဲတွေ မကျင်းပဖြစ် တော့ဘူးနော်။”

တရုတ်နှစ်သစ်ကူးဟာ တရုတ်လူမျိုးတွေအတွက် တနှစ်အတွင်းအရေးပါတဲ့ ရိုးရာပွဲတော် တခုဖြစ်သလို နှစ်ဟောင်းကမကောင်းတဲ့ ကံတွေကို နှင်ထုတ်ပြီး ကံကောင်းချင်းတွေ ဖြစ်ပေါ်စေဖို့ ဘိုးဘွားတွေကို ကန်တော့တာတွေ၊ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဘိုးဘွားမိဘတွေကို ကန်တော့တဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်လူမျိုး တော်တော်များများဟာ ဘယ်အရပ်ဘယ်ဒေသကိုပဲ ရောက်ရောက် ဒီလို နှစ်သစ်ကူးပွဲတော် မတိုင်ခင်မှာ မိသားစုတွေရှိရာ ကိုယ့်ရဲ့ အရပ်ဒေသကို အရောက်ပြန်လာပြီး နှစ်သစ်ကိုကြိုဆိုလေ့ရှိပါတယ်ခင်ဗျာ။

XS
SM
MD
LG