သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှစ်ကူးကာလ ကိုဗစ်ကူးစက်မှုတိုးမှာ ကျွမ်းကျင်သူတွေစိုးရိမ်


တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းလေဆိပ်ကိုရောက်လာတဲ့ တရုတ်နိုင်ငံကဝင်ရောက်လာသူတွေကို လေဆိပ်ထဲမှာ ကိုဗစ်ရှိမရှိ စစ်ဆေးရေးစင်တာတခု။ (ဇန်နဝါရီ ၃၊ ၂၀၂၃)
တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းလေဆိပ်ကိုရောက်လာတဲ့ တရုတ်နိုင်ငံကဝင်ရောက်လာသူတွေကို လေဆိပ်ထဲမှာ ကိုဗစ်ရှိမရှိ စစ်ဆေးရေးစင်တာတခု။ (ဇန်နဝါရီ ၃၊ ၂၀၂၃)

[[Zawgyi/Unicode]]

တရုတ်နိုင်ငံကမြို့ကြီးတွေမှာ COVID-19 ကူးစက်မှု တနေ့တခြားပိုများနေချိန် မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း လူတွေသန်းနဲ့ချီပြီး ခရီးထွက်ကြတဲ့အခါ ရောဂါ ပိုပြီး ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။

ဘေဂျင်းနဲ့ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံမြို့ကြီးတွေက ဆေးရုံအရေးပေါ်ဆောင်တွေမှာ ကိုဗစ်လူနာတွေနဲ့ကုတင်တွေ မလောက်ဖြစ်နေတာပါ။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတဲ့ကျေးလက်ဒေသတွေမှာ ကူးစက်မှုတွေ ပိုဆိုးလာနိုင်ပြီး ဒီဆောင်းရာသီကာလ တရုတ်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁ သန်းနဲ့ချီလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တချို့က သတိပေးနေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုဗစ်ကြောင့်သေဆုံးသူ ၁ ဦးရှိပြီး ကပ်ဘေးစတင်ချိန်ကစလို့ တရုတ်မှာသေဆုံးသူ ၅၂၉၅ ယောက်ရှိတဲ့အကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တာဝန်ရှိသူတချို့ကတော့ သေဆုံးသူ၊ အရေးပေါ် ကုသဆောင်မှာ ရောက်နေသူတွေရဲ့အရေအတွက်ဟာ အစိုးရထုတ်ပြန်စာရင်းထက် အများကြီး ပိုနိုင်တဲ့အကြောင်း ပြောပါတယ်။

COVID 19 ကာကွယ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ အပြင်းထန်ဆုံး ချမှတ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ၂၀၂၂ ဒီဇင်ဘာကစပြီး ကန့်သတ်ချက်တွေ ပြန်လည်ဖြေလျှော့ပေးပြီးတဲ့နောက် တကြော့ပြန် ကူးစက်မှုတွေ တိုးလာနေတာပါ။ အမေရိကန်နဲ့ဥရောပနိုင်ငံတချို့အပါအဝင် ကမ္ဘာနိုင်ငံအတော်များများကတော့ တရုတ်ကလာမယ့် ခရီးသွားတွေကို ကိုဗစ်ကင်းစင်ကြောင်း အထောက်အထား ပါမှ နိုင်ငံထဲပေးဝင်ဖို့ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရကတော့ ဒါကို ကန့်ကွက်ပါတယ်။

တရုတ်နိုင်ငံတွင်း ကူးစက်မှုတွေဟာ ခန့်မှန်းတွက်ချက်လို့မရတဲ့၊ အထိန်းအချုပ်မဲ့ အခြေအနေမဟုတ်တာကြောင့် ခုလို ကန့်သတ်ချက်တွေက မျှတမှု မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီကနေ့ ထပ်မံ တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]







XS
SM
MD
LG