သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ေရာဂါဆုိင္ရာ အခ်က္အလက္ေတြ ထုတ္ျပန္ဖုိ႔ တ႐ုတ္ကုိ WHO တုိက္တြန္း


Covid ကူးစက္ပ်ံ႔ႏွံမႈ ဆက္ျဖစ္ေနတဲ႔ ရွန္ဟိုင္းက ေဆးရံု တခု ျမင္ကြင္း

(Zawgyi/ Unicode)

တ႐ုတ္အစိုးရဟာ ႏိုင္ငံတြင္း ကူးစက္ပ်ံ႕ႏွံ႔ ေနတဲ့ Covid မ်ိဳးဗီဇဆိုင္ရာ အခ်က္လက္ေတြကို မွ်ေဝဖို႔ တြန္႔ဆုတ္ေနဆဲပဲလို႔ WHO ကမာၻ႔က်န္းမာေရး အဖဲြ႕ႀကီးက ေျပာပါတယ္။

WHO အေနနဲ႔ လက္ရွိ Covid uပ္ေရာဂါ အေျခေနကို အမွန္အတိုင္း သံုးသပ္ႏိုင္ဖို႔ တ႐ုတ္အစိုးရဆီက မွ်ေဝေပးမယ့္ အခ်က္လက္ေတြ လိုအပ္ေနေၾကာင္းနဲ႔ ဒါမွသာ လူသားေတြရဲ႕ အသက္ကယ္ႏိုင္မယ့္ အၾကံဉာဏ္ေတြ၊ လမ္းၫႊန္ခ်က္ေတြ ထုတ္ျပန္ေပးႏိုင္မွာ ျဖစ္ေၾကာင္းလည္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

“ တ႐ုတ္ႏိုင္ငံတြင္း ကိုဗစ္ေၾကာင့္ ေဆးရံုတင္ရတာေတြ၊ ေသဆံုးမႈေတြနဲ႔ ပတ္သက္တဲ့ ယံုၾကည္ရမယ့္ အခ်က္လက္ေတြကို ခုထက္ပို ျမန္ျမန္ေလး ပံုမွန္ေပးဖို႔၊ ေနာက္ ဒီဗိုင္းရပ္စ္ရဲ႕ မ်ိဳးဗီဇဆိုင္ရာ အခ်က္လက္ေတြကိုလည္း အခ်ိန္နဲ႔ တေျပးညီေပးအပ္ဖို႔ပါ တ႐ုတ္အစိုးရကို က်ေနာ္တို႔ ဆက္ၿပီးေတာင္းဆိုေနပါတယ္”

Covid မ်ိဳးစိတ္သစ္ေတြ ေျပာင္းလဲျဖစ္ေပၚမႈကို နားလည္ႏိုင္ဖို႔အတြက္ သူ႔ရဲ႕မ်ိဳးဗီဇဆိုင္ရာ အခ်က္လက္ေတြ ရေရးဟာ သိပ္ကို အေရးပါေၾကာင္းနဲ႔ ဒါကို တ႐ုတ္အစိုးရက ထုတ္မေျပာတဲ့အတြက္ မ်ိဳးဗီဇေျပာင္းလဲမႈေတြ မ်ိဳးကြဲေတြ ထပ္မံေပၚထြက္လာမွာကိုလည္း စိုးရိမ္ေနၾကတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ လက္ရွိမွာ Covid ကပ္ေရာဂါ ကူးစက္မႈ က်ဆင္းေနေပမဲ႔ Covid-19 ဟာ ကမာၻ႔လူထု က်န္းမာေရး၊ စီးပြါးေရးနဲ႔ လူမႈေရး ဘက္ေပါင္းစံု အတြက္ အႏၲရာယ္ ႀကီးေနဆဲပဲ လို႔လည္း WHO အႀကီးအကဲက သတိေပးပါတယ္။

လြန္ခဲ့တဲ့ သီတင္းပတ္ေတြ အတြင္း WHO နဲ႔ တ႐ုတ္ အဆင့္ျမင့္ အရာရွိေတြၾကား ေဆြးေႏြးပြဲေတြ ဆက္တိုက္ျပဳလုပ္ေနတာ ျဖစ္ေပမဲ႔ တ႐ုတ္ႏိုင္ငံဘက္က သူတို႔ႏိုင္ငံတြင္း လက္ရွိ တဟုန္ထိုးမ်ားလာေနတဲ့ Covid ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ထိန္ခ်န္မႈေတြ ရွိေနမယ္လို႔ WHO က ယံုၾကည္ေနတာပါ။
အခု လက္ရွိမွာ ႏိုင္ငံေပါင္း ၂၉ ႏိုင္ငံမွာ Covid ပိုး အိုမီခရြန္ရဲ႕ မ်ိဳးကြဲျဖစ္တဲ့ XBB.1.5. ကူးစက္ပ်ံ႕ႏွံ႔မႈ ရွိေနတာကို WHO က အထူးစိုးရိမ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ရောဂါဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်ဖို့ တရုတ်ကို WHO တိုက်တွန်း

တရုတ်အစိုးရဟာ နိုင်ငံတွင်း ကူးစက်ပျံ့နှံ့ နေတဲ့ Covid မျိုးဗီဇဆိုင်ရာ အချက်လက်တွေကို မျှဝေဖို့ တွန့်ဆုတ်နေဆဲပဲလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။

WHO အနေနဲ့ လက်ရှိ Covid uပ်ရောဂါ အခြေနေကို အမှန်အတိုင်း သုံးသပ်နိုင်ဖို့ တရုတ်အစိုးရဆီက မျှဝေပေးမယ့် အချက်လက်တွေ လိုအပ်နေကြောင်းနဲ့ ဒါမှသာ လူသားတွေရဲ့ အသက်ကယ်နိုင်မယ့် အကြံဉာဏ်တွေ၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

“ တရုတ်နိုင်ငံတွင်း ကိုဗစ်ကြောင့် ဆေးရုံတင်ရတာတွေ၊ သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ ယုံကြည်ရမယ့် အချက်လက်တွေကို ခုထက်ပို မြန်မြန်လေး ပုံမှန်ပေးဖို့၊ နောက် ဒီဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆိုင်ရာ အချက်လက်တွေကိုလည်း အချိန်နဲ့ တပြေးညီပေးအပ်ဖို့ပါ တရုတ်အစိုးရကို ကျနော်တို့ ဆက်ပြီးတောင်းဆိုနေပါတယ်”

Covid မျိုးစိတ်သစ်တွေ ပြောင်းလဲဖြစ်ပေါ်မှုကို နားလည်နိုင်ဖို့အတွက် သူ့ရဲ့မျိုးဗီဇဆိုင်ရာ အချက်လက်တွေ ရရေးဟာ သိပ်ကို အရေးပါကြောင်းနဲ့ ဒါကို တရုတ်အစိုးရက ထုတ်မပြောတဲ့အတွက် မျိုးဗီဇပြောင်းလဲမှုတွေ မျိုးကွဲတွေ ထပ်မံပေါ်ထွက်လာမှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လက်ရှိမှာ Covid ကပ်ရောဂါ ကူးစက်မှု ကျဆင်းနေပေမဲ့ Covid-19 ဟာ ကမ္ဘာ့လူထု ကျန်းမာရေး၊ စီးပွါးရေးနဲ့ လူမှုရေး ဘက်ပေါင်းစုံ အတွက် အန္တရာယ် ကြီးနေဆဲပဲ လို့လည်း WHO အကြီးအကဲက သတိပေးပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်း WHO နဲ့ တရုတ် အဆင့်မြင့် အရာရှိတွေကြား ဆွေးနွေးပွဲတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပေမဲ့ တရုတ်နိုင်ငံဘက်က သူတို့နိုင်ငံတွင်း လက်ရှိ တဟုန်ထိုးများလာနေတဲ့ Covid ကူးစက်မှုနဲ့ ပတ်သက်ပြီး ထိန်ချန်မှုတွေ ရှိနေမယ်လို့ WHO က ယုံကြည်နေတာပါ။

အခု လက်ရှိမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ Covid ပိုး အိုမီခရွန်ရဲ့ မျိုးကွဲဖြစ်တဲ့ XBB.1.5. ကူးစက်ပျံ့နှံ့မှု ရှိနေတာကို WHO က အထူးစိုးရိမ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG