သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံ ေဆး႐ုံေတြမွာ လူနာေတြတိုး


Virus Outbreak China System Overload

ေအာက္ဆီဂ်င္ က်ေနတဲ႔ Covid-19 လူနာေတြ ထပ္တိုး ေရာက္လာေနၿပီး အေရးေပၚ ေဆာင္ေတြမွာ လူနာေတြ ျပည့္ေနေၾကာင္းနဲ႔ ေနမေကာင္းတဲ႔ က်န္းမာေရး ၀န္ထမ္းေတြပါ အလုပ္ဆင္းေနၾကရေၾကာင္း တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္က ေဆးရံုႀကီးတခုရဲ႕ ၀န္ထမ္းေတြက ေျပာဆိုၾကပါတယ္။  

ကိုဗစ္ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံ ေဆး႐ုံေတြမွာ လူနာေတြတိုး

{{Zawgyi/Unicode}}
ေအာက္ဆီဂ်င္ က်ေနတဲ႔ Covid-19 လူနာေတြ ထပ္တိုး ေရာက္လာေနၿပီး အေရးေပၚ ေဆာင္ေတြမွာ လူနာေတြ ျပည့္ေနေၾကာင္းနဲ႔ ေနမေကာင္းတဲ႔ က်န္းမာေရး ၀န္ထမ္းေတြပါ အလုပ္ဆင္းေနၾကရေၾကာင္း တ႐ုတ္ ႏိုင္ငံပိုင္ CCTV ႐ုပ္သံက တနလာၤေန႔ ထုတ္လႊင့္တဲ႔ ေတြ႕ဆံုေမးျမန္းခန္းေတြမွာ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္က ေဆးရံုႀကီးတခုရဲ႕ ၀န္ထမ္းေတြက ေျပာဆိုၾကပါတယ္။

ေန႔စဥ္ အလုပ္ေတြ ပိေနေၾကာင္း၊ လက္ရွိမွာ အမ်ားဆံုး လက္ခံႏိုင္တဲ႔ အေရးေပၚ လူနာ ၅၃၀ ေက်ာ္က ျပည္သြားၿပီ ျဖစ္ေၾကာင္း၊ က်န္းမာေရး ၀န္ထမ္းေတြလည္း တေယာက္ၿပီး တေယာက္ ေနမေကာင္း ျဖစ္ေနေပမဲ႔ အလုပ္ဆင္းေနရေၾကာင္း၊ လူနာေတြ မ်ားလာတာနဲ႔ အတူ အလုပ္မွာလည္း စိတ္ဖိစီးမႈ မ်ားတယ္လို႔ Peking တကၠသိုလ္ရဲ႕ ျပည္သူ႔ ေဆးရံုက သူနာျပဳ အႀကီးအကဲ Zhou Ying က CCTV ကို ေျပာဆိုခဲ႔တာပါ။

Covid လံုး၀ ကင္းစင္ေရး မူဝါဒကို မၾကာခင္က အနည္းငယ္ ေျဖေလွ်ာ့ၿပီးေနာက္ပိုင္းမွာ တ႐ုတ္ရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္အတြင္း အလြန္အမင္း ၀န္ပိေနေၾကာင္းနဲ႔ မက်န္းမမာ ျဖစ္ေနၾကတဲ႔ က်န္းမာေရး ၀န္ထမ္းေတြကိုလည္း အလုပ္ဆင္းခိုင္းထားရၿပီး အၿငိမ္းစား က်န္းမာေရး ၀န္ထမ္းေတြကိုလည္း ေက်းလက္ေတြမွာ ကူညီေပးဖို႔ ျပန္လည္ ငွားယမ္းေနရေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္ သတင္းက ေဖာ္ျပပါတယ္။

ေဆးရံုေတြမွာ အႀကီးအက်ယ္ ကူးစက္ေရာဂါ ပ်ံ႔ႏွံ႔မႈကို ကာကြယ္ေရး အတြက္ တ႐ုတ္ႏိုင္ငံ တ၀န္းမွာ အထူးၾကပ္မတ္ကုသေဆာင္ေတြ၊ ဖ်ားနာကု ေဆးခန္းေတြနဲ႔ အေဆာင္ေတြ ထပ္ဖြင့္ႏိုင္ဖို႔လည္း အသည္းအသန္ ေဆာင္ရြက္ေနၾကပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေဆးခန္း ၉၄ ခုကေန အခုအခါ ၁၃၀၀ နီးပါး တိုးဖြင့္ထားၿပီး၊ ရွန္ဟိုင္းမွာေတာ့ ၂၆၀၀ ေလာက္အထိ တိုးခ်ဲ႕ထားတယ္လို႔လည္း တ႐ုတ္အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကိုဗစ်ကူးစက်မှုကြောင့် တရုတ်နိုင်ငံ ဆေးရုံတွေမှာ လူနာတွေတိုး

{{Zawgyi/Unicode}}
အောက်ဆီဂျင် ကျနေတဲ့ Covid-19 လူနာတွေ ထပ်တိုး ရောက်လာနေပြီး အရေးပေါ် ဆောင်တွေမှာ လူနာတွေ ပြည့်နေကြောင်းနဲ့ နေမကောင်းတဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ အလုပ်ဆင်းနေကြရကြောင်း တရုတ် နိုင်ငံပိုင် CCTV ရုပ်သံက တနလာၤနေ့ ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ဆေးရုံကြီးတခုရဲ့ ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။

နေ့စဉ် အလုပ်တွေ ပိနေကြောင်း၊ လက်ရှိမှာ အများဆုံး လက်ခံနိုင်တဲ့ အရေးပေါ် လူနာ ၅၃၀ ကျော်က ပြည်သွားပြီ ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတွေလည်း တယောက်ပြီး တယောက် နေမကောင်း ဖြစ်နေပေမဲ့ အလုပ်ဆင်းနေရကြောင်း၊ လူနာတွေ များလာတာနဲ့ အတူ အလုပ်မှာလည်း စိတ်ဖိစီးမှု များတယ်လို့ Peking တက္ကသိုလ်ရဲ့ ပြည်သူ့ ဆေးရုံက သူနာပြု အကြီးအကဲ Zhou Ying က CCTV ကို ပြောဆိုခဲ့တာပါ။

Covid လုံး၀ ကင်းစင်ရေး မူဝါဒကို မကြာခင်က အနည်းငယ် ဖြေလျှော့ပြီးနောက်ပိုင်းမှာ တရုတ်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွင်း အလွန်အမင်း ဝန်ပိနေကြောင်းနဲ့ မကျန်းမမာ ဖြစ်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အလုပ်ဆင်းခိုင်းထားရပြီး အငြိမ်းစား ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကျေးလက်တွေမှာ ကူညီပေးဖို့ ပြန်လည် ငှားယမ်းနေရကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။

ဆေးရုံတွေမှာ အကြီးအကျယ် ကူးစက်ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ရေး အတွက် တရုတ်နိုင်ငံ တဝန်းမှာ အထူးကြပ်မတ်ကုသဆောင်တွေ၊ ဖျားနာကု ဆေးခန်းတွေနဲ့ အဆောင်တွေ ထပ်ဖွင့်နိုင်ဖို့လည်း အသည်းအသန် ဆောင်ရွက်နေကြပါတယ်။ ဘေဂျင်းမြို့တော်မှာ ဆေးခန်း ၉၄ ခုကနေ အခုအခါ ၁၃၀၀ နီးပါး တိုးဖွင့်ထားပြီး၊ ရှန်ဟိုင်းမှာတော့ ၂၆၀၀ လောက်အထိ တိုးချဲ့ထားတယ်လို့လည်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG