သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အသစ်ခန့် ဗိုလ်ချုပ်ကြီးရဲ့ ရုရှားတွန်းလှန်ရေးစစ် ဗျူဟာသစ်

TOPSHOT - This handout photograph taken and released by the Ukrainian Presidential Press Service on November 30, 2023 shows Ukrainian President Volodymyr Zelensky (C-L) and Colonel General Oleksandr Syrskyi (C-R) visiting of Ukraine's army command post in

ရုရှားကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်ရာမှာ ဦးဆောင်ပေးဖို့ ကြာသပတေးနေ့ကမှ အစားထိုး ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ကြီး အလက်ဇန်ဒရာ စိုင်ရာစကီက ဒီစစ်ပွဲ အောင်မြင်ဖို့အတွက် ယူကရိန်းတပ်တွေဘက်က နည်းလမ်းသစ်တွေ ရှာရမှာဖြစ်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။

အင်အား ၈ သိန်းရှိတဲ့ ယူကရိန်းတပ်ရဲ့ တပ်မှူးးကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စိုင်ရာစကီက ရုရှားကျူးကျော်စစ်ကို အောင်နိုင်ဖို့ ဒရုန်းတို့ လျှပ်စစ်သုံး စစ်ပစ္စည်းတို့လို နောက်ဆုံးပေါ် နည်းပညာသုံး လက်နက်တွေကို သုံးမှာဖြစ်ကြောင်း လူထုကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တပ်သားတွေ ရှေ့တန်းမှာ အလှည့်နဲ့ တာဝန်ချမှုကို ပိုကောင်းအောင် ချက်ချင်းလုပ်ဆောင်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။ သူ့ရဲ့ပြောကြားမှုဟာ သမ္မတ Volodymyr Zelenskyy ရဲ့ ယူကရိန်းတပ်တွေ ပုံစံပြောင်းပြီး ရုရှားကျူးကျော်မှုကို တုန့်ပြန်တိုက်ခိုက်မယ့် ဆန္ဒနဲ့ ကိုက်ညီနေတာပါ။

Donetsk ဗုံးကြဲခံရမှု ယူကရိန်း အရပ်သား ဒါဇင်နဲ့ချီသေဆုံး
please wait

No media source currently available

0:00 0:03:07 0:00

ယူကရိန်းဟာ သူ့ရဲ့ ရုရှားကျူးကျော်စစ် တွန်းလှန်မှုတွေ ရှေ့မတိုးနိုင်ပဲ ဖြစ်နေသလို၊ အဓိက အကူညီပေးနေတဲ့ အမေရိကန်ဆီက စစ်ရေးအကူညီ ထပ်ရဖို့လည်း မရေမရာဖြစ်နေပြီး စိန်ခေါ်မှုတွေကြုံနေရချိန်မှာ သမ္မတ Zelenskyy က အခုလို စိုင်ရာစကီကို ဦးဆောင်ဖို့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက အထက်လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့ဟာ သောကြာနေ့မှာ ယူကရိန်းသမ္မတနဲ့ တွေ့ဆုံပြီး ယူကရိန်းအတွက် စစ်ရေးအကူညီ ထပ်ပေးနိုင်အောင် ကြိုးပမ်းမှာဖြစ်ကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG