သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်သုံ့ပန်း ၆၅ ဦးတင်လာတဲ့ ရုရှားလေယာဉ်ပျက်ကျ


Russia Warplane Crash
Russia Warplane Crash

ယူကရိန်းနယ်စပ်အနီး Belgorod ဒေသမှာ ရုရှားရဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်း ဒီနေ့ပဲ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးခဲ့တယ်လို့ Belgorod ဒေသ အုပ်ချုပ်ရေးမှူးက ပြောကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။

"ယူကရိန်းတာဝန်ရှိသူတွေက သူတို့ရဲ့စစ်သားတွေကို သူတို့ကိုယ်တိုင် ပစ်ချလိုက်တာပါ။ သူတို့(သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေ)​ ရဲ့ မိခင်တွေ၊ ဇနီးတွေ၊ ကလေးတွေက သူတို့ပြန်လာဖို့ မျှော်နေကြတာပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တွေကို လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ လေယာဉ်မှူးနဲ့ လေယာဉ်ကို အမေရိကန်၊ ဂျာမန်ဒုံးကျည်တွေနဲ့ ပစ်ချခံခဲ့ရတာပါ။ ဒါကြောင့် ဒီနိုင်ငံတွေရဲ့ ဥပဒေပြုအမတ်တွေဟာ သူတို့ ဘယ်သူ့ကို ကူညီနေတယ်၊ ဘယ်ကိုဦးတည်နေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်" လို့ ရုရှားပါလီမန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ VYACHESLAV VOLODIN က ပြောပါတယ်။

ဒီလေယာဉ်ပေါ်မှာ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ရမယ့် ယူကရိန်း စစ်သုံ့ပန်း ၆၅ ဦးအပါအဝင် လူပေါင်း ၇၄ဦး ပါဝင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကပြောတာကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး သေဆုံးသွားတယ်လို့ ရုရှားနိုင်ငံ Belgorod ဒေသ အုပ်ချုပ်ရေးမှူးက ပြောကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ယူကရိန်း စစ်တပ်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးထားတာမရှိသေးပါဘူး။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဲဒီ လေယာဉ်မှာ အမှုထမ်း ခြောက်ဦးနဲ့ အစောင့် ၃ ဦးတို့ လိုက်ပါသွားတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံ အနောက်ဘက်ရှိ Oryol ဒေသမှာလည်း ယူကရိန်းရဲ့ ဒရုန်းလေးစင်းကို ကြားဖြတ်ဟန့်တားခြင်းအပြင် Belgorod ဒေသမှာလည်း ယူကရိန်းဒရုန်းတစီးကို ဒီနေ့အစောပိုင်းက ဖျက်ဆီးနိုင်လဲ့တယ်လို့ ရရှားဘက်ကပြောပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ လူ ၁၈ ယောက်သေဆုံးခဲ့တဲ့ အင်အားပြင်း မစ်ဆိုင်းဒုံးကျည်နဲ့ တိုက်ခိုက်မှုကို ရုရှားဘက်က အင်္ဂါနေ့က လုပ်ခဲ့တယ်လို့‌‌ပြောပါတယ်။

မြို့တော် Kyiv နဲ့ Kharkiv မြို့ အရှေ့မြောက်ဘက်မှာ အဆိုဝါးဆုံးထိခိုက်ခဲ့တာပါ။ သမ္မတ Zelenskyy က လူပေါင်း ၁၃၀ ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၃၉ လုံး ပျက်စီးခဲ့တယ်လို့ အင်္ဂါနေ့ညက ပြောကြားတဲ့ ညစဉ်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG