ပြစ်မှုဖုံးကွယ်သူကို လွတ်ငြိမ်းခွင့်ပေးလို့ အဝေဖန်ခံရတဲ့ ဟန်ဂေရီသမ္မတ ရာထူးကနုတ်ထွက်
ဥရောပ အလယ်ပိုင်းက ဟန်ဂေရီနိုင်ငံမှာ ရှေးရိုးစွဲ အမျိုးသားရေးဝါဒီ သမ္မတ Katalin Novák ရာထူးက နုတ်ထွက်သွားပါတယ်။ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု တခုမှာ ကြံရာပါအဖြစ် ပြစ်ဒဏ်ချမှတ်ခံရနေရတဲ့ အမျိုးသားတဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ပတ်သက်ပြီး ရာထူးက နုတ်ထွက်ခဲ့တာပါ။