သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အနိုင်ရကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးကြေညာ


ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီရန်တို
ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီရန်တို

မနေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲအချိန်မှာ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto က ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီလို့ အခိုင်အမာ ကြေညာပြောဆိုပါတယ်။

ရွေးကောက်ပွဲမှာသူ အနိုင်ရလိုက်တာဟာ အင်ဒိုနီးရှားပြည်သူတွေရဲ့ အောင်ပွဲပါလို့ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto က သူ့ကို ထောက်ခံသူတွေကို ပြောဆိုသွားပါတယ်။ Prabowo ဟာ သမ္မတရွေးကောက်ပွဲဝင်တဲ့ တခြား ပြိုင်ဖက် အုပ်ချုပ်ရေးမှူးဟောင်းတွေ ဖြစ်တဲ့ Anies Baswedan နဲ့ Ganjar Pranowo တို့ထက် မဲအရေအတွက် အများကြီး ရှေ့က အသာရနေတာတွေ့ရပါတယ်။

မဲရလဒ်ကို တရားဝင်မထုတ်ပြန်ရသေးပေမဲ့ သီးခြားလွတ်လပ်တဲ့ လူထုစစ်တမ်းတွေမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို Prabowo Subianto ရရှိထားတယ်လို့လည်း ဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ဒီ ခန့်မှန်းချက် မှန်မမှန် မဲ အားလုံး ရေအတွက်ပြီးတဲ့အချိန်အထိ စောင့်ဆိုင်းဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကိုတော့ လာမယ့် မတ်လ ၂၀ ရက်နေ့ တရားဝင် ကြေညာမှာပါ။

လက်ရှိကာကွယ်ရေးဝန်ကြီး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo ဟာ အင်ဒိုနီးရှားနိုင်ငံကို အာဏာရှင်အုပ်ချုပ်ရေးနဲ့ နှစ် ၃၀လောက် အုပ်ချုပ်ခဲ့တဲ့ ကွယ်လွန်သူ သမ္မတဟောင်း ဆူဟာတိုရဲ့ သားမက်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွေအတွင်းက ဆူဟာတိုရဲ့ အနီးကပ် ဗိုလ်မှူးကြီး တဦးအဖြစ် တာဝန်ယူခဲ့တဲ့အပြင် အတိုက်အခံတွေကို ဖိနှိပ်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲ ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း Prabowo သာ သမ္မတရွေးကောက်ပွဲနိုင်ခဲ့ရင် ဒုသမ္မတနေရာ ယူဖို့ လက်ရှိ သမ္မတ Joko Widodo ရဲ့ သား Gibran Rakabuming Raka ကို ရွေးချယ်ထားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးကြေညာ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG