သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူ ထောင်ချီနဲ့ချီရှိ


ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)
ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမဲ့ဥပဒေ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံပြင်ပကို ထွက်ဖို့ ကြိုးစားတဲ့ လူငယ်တွေ ပိုပြီး များလာနေပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံသွားနိုင်ဖို့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူတွေ သိသိသာသာများလာတာမှာ ဒီနေ့ သောကြာနေ့မှာ သံရုံးရှေ့တန်းစီနေသူတွေ ထောင်ဂဏန်းရှိတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေ‌ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ခုလို ဗီဇာလျှောက်သူတွေ အရင်ထက် များလာတာကြောင့် ထိုင်းသံရုံးက တန်းစီလက်မှတ် တနေ့ကို ၄၀၀ အထိ ထုတ်ပေးမယ်လို့ သတ်မှတ်ထားရပါတယ်။

ဒီဥပဒေ မထုတ်ပြန်ခင်က ထိုင်းဗီဇာလျှောက်သူ တနေ့ကို ၁၀၀ ထောင် မပြည့်ဘူးလို့ AFP သတင်းက ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကနေလည်း ထိုင်းနိုင်ငံကို သွားရောက်ဖို့ ကြိုးစားသူတွေ များနေပါတယ်။ မြဝတီချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သွားဖို့ ကြိုးစား တန်းစီနေသူတွေကို မြန်မာလူဝင်မှုကြီးကြပ်ရေးက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ကိုယ်တိုင်စစ်ဆေးခံရသူတွေက ပြောပါတယ်။ တချို့ကလည်း တရားမဝင်နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံရသူတွေလည်းရှိနေပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်တယ်လို့ စစ်ကောင်စီကကြေညာခဲ့တဲ့ ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ နယ်မြို့တချို့မှာ လူငယ် လူရွယ်တွေကို စစ်တပ်က အတင်းအကျပ် ခေါ်ဆောင်သွားတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG