သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာလူငယ် ၄၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ


တရားမဝင် ဝင်ရောက်လာသူမြန်မာတချို့ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးနေစဉ် (ဖေဖော်ဝါရီ ၂၀၂၄)
တရားမဝင် ဝင်ရောက်လာသူမြန်မာတချို့ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးနေစဉ် (ဖေဖော်ဝါရီ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်နဲ့ ကမ်ချနဘူရီခရိုင်ထဲမှာ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ တနေ့တည်းမြန်မာလူငယ် ၄၀ ကျော်ဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။ မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေက နေဝင်ရောက်လာနေကြတာပါ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

မြန်မာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေက နေဝင်ရောက်လာကြရာ တာ့ခ်ခရိုင်ဖွတ်ဖရမြို့နယ်ထဲမှာ ၂၇ဦး ကန်ချနဘူရီ ခရိုင်မှာ ၁၇ဦး တနေ့တည်းဖမ်းမိခဲ့ပါတယ်။ တာ့ခရိုင်ထဲမှာ မြန်မာလူငယ်တွေဖမ်းမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီး နတ်ထကော် ရမ်ထစ် Natthakorn Ruentip၊ က အခုလိုပြောသွားပါတယ်

"Naresuan နလေစွမ် အထူးတပ်ဖွဲ့ ကဗိုလ်မူးကြီး ပြောသွားတာကတော့ ကျွန်တော်တို့ကင်လှည့် တပ်ဖွဲ့၀င်တွေ ၁၄ရက်နေ့ ည၁၀ နာရီမှာ မြန်မာနိုင်ငံသားတွေပုန်းအောင်းနေတာတွေကို တွေ့ခဲ့တာပါ၊ သူတို့ကို ခေါ်လာတဲ့ ပွဲစားလမ်းပြတွေကတော့ ထွက်ပြေးသွားခဲ့ပါတယ်၊ မြန်မာနိုင်ငံသားတွေဟာ အသက် ၂၀ နဲ ့ ၂၅နစ်လူငယ်ပိုင်းတွေပါ သူတို့ ၂၇ယောက်ကိုဖမ်းမိပါတယ်"

ဖေဖေါ်ဝါရီလ ၁၄ရက်နေ့တနေ့တည်း မြန်မာ ၄၀ကျော်ဖမ်းမိတာဖြစ်ပြီး လူငယ်တွေဟာ မြန်မာနိုင်ငံက မြန်မာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့်ထွက်လာကြတာဖြစ်တယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကလည်းပြောပါတယ်

"ဖွတ်ဖရ မြို့နယ် မယ်လမ ငှက်ပျောတောအတွင်း ပုန်းအောင်းနေတဲ့ တရားမ၀င်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၂၇ ယောက် အမျိုးသားက ၁၁ယောက် အမျိုးသမီး ‌၁၆ ယောက်ကို နလေစဝမ် နယ်ခြားစောင့်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်၊ အရွယ်ရောက်သူတိုင်း စစ်မူ့မထမ်းမနေရအနည်းဆုံး ၂နှစ်မနေ စစ်မူ့ထမ်းရမယ်ဆိုတာကြောင့် မြန်မာနို်ငံက အရွယ်ကောင်းလူငယ်တွေဟာ စိုးရိမ်ထိတ်လန့်မှုဖြစ်ပြီးထွက်လာနေကြတာဖြစ်ပါတယ်၊ အလားတူ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မနက်ပိုင်းမှာပဲ ထိုင်းနဲ့မွန်ပြည်နယ် နယ်စပ် ကန်ချနဘူရီခရိုင်ထဲမှာ တရားမဝင်မြန်မာ ၁၇ ယောက်နဲ့ ပွဲစား ၂ ယောက်ဖမ်းမိပါတယ် ၊အဲဒီတနေ့တည်းပဲ အာလုံးပေါင်းတနေ့တည်းမှာပဲ ၄၄ယောက်ဖမ်းမိခဲ့တာဖြစ်ပါတယ်"

မြန်မာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ဖမ်းမိတဲ့ မြန်မာနိုင်ငံ သားတွေကို­­­ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာမှုနဲ့ အရေးယူမှာဖြစ်ပြီး လ၀က ဥပဒေနဲ့အရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြေငြာအပြီး၅ရက်အတွင်းမှာပဲ စစ်မှုမထမ်းလိုတဲ့ မြန်မာလူငယ်တွေဟာ ထိုင်းမြန်မာနယ်စပ်တွေဘက်ကို ထွက်ခွါလာသူတွေရှိသလို တချို့ကလည်း တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေဆီမှာ သွားရောက်ခိုလှုံနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG