သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၅.၄ သန်း WFP ကတဆင့် ဂျပန် ကူညီ 


အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ဂျပန်အစိုးရက ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတဆင့် အမေရိကန်ဒေါ်လာ ၅.၄ သန်း ကူညီ ထောက်ပံ့ပေးတဲ့အကြောင်း WFP ပြောပါတယ်။ ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ချက်မှာ သုံးစွဲဖို့ ဂျပန်နိုင်ငံအနေနဲ့ မနှစ် ဇွန်လကပေးခဲ့တဲ့ ဒေါ်လာ ၄.၄ သန်းအပြင် ဒီနှစ်မှာ ထပ်တိုးပြီး WFP ကတဆင့် ၅.၄ သန်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Kiminori Iwama က ပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာကပေးနေတဲ့ အကူအညီတွေ သိသိသာသာနည်းသွားတဲ့အတွက် Cox’s Bazar မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လစဉ် ရိက္ခာထောက်ပံ့ငွေ ၁၂ ဒေါ်လာကနေ မနှစ် မတ်လမှာ ၁၀ ဒေါလာအထိ လျော့ချခဲ့ပြီး၊ ဇွန်လမှာ ၈ ဒေါ်လာအထိ ထပ်မံ လျော့ချပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ တသန်းနီးပါးရှိနေပြီး လက်ရှိအခြေအနေမှာလည်း ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံ ထွက်ပြေးဖို့ ကြိုးစားနေကြပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ကို လက်ခံဖို့ ငြင်းဆိုနေပါတယ်။

Forum

XS
SM
MD
LG