သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဆွေးနွေး 

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံနေကြတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar (ဝဲ) နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud (ယာ) (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံနေကြတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar (ဝဲ) နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud (ယာ) (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)

မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အရေးကြီးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က မနေ့ဗုဒ္ဓဟူးနေ့တုန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar နဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံတဲ့အချိန် ပြောဆိုပါတယ်။

နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရဖို့ အရေးကြီးတဲ့အတွက် လုံခြုံရေး ဆိုင်ရာ အကြံပေးတွေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြောင်း ဘင်္ဂလားဒေရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ပြောသွားတာပါ။ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှာ ရခိုင့်တပ်တော် AA လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တနင်္ဂနွေနေ့ကတည်းက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေတာပါ။ တချိန်တည်းမှာ မြန်မာဘက်က လက်နက်ကြီး မော်တာကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အရပ်သား နှစ်ဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြင်းအထန်ကန့်ကွက်နေပါတယ်။ စစ်တကောင်းနဲ့ ရခိုင်နယ်စပ်တလျှောက်က ဝင်လာတဲ့ ထွက်ပြေးခိုလှုံလာတဲ့ စစ်သားတွေကို ပြန်ပို့ဖို့လည်း စစ်ကောင်စီနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တောင်ပြို လက်ဝဲ/လက်ယာ စခန်းတွေကို သိမ်းယူလိုက်တဲ့အကြောင်း ရက္ခိုင့်တပ်တော် AA က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်းမှာ မြန်မာစစ်တပ်ဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army ARA နဲ့ Rohingya Solidarity Organisation RSO တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ခုခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ပြောပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ အလောင်း အမြောက်အမြားနဲ့အတူ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတချို့ကိုတွေ့ရပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်တာပါ။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မြန်မာ့အရေး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဆွေးနွေး 
please wait

No media source currently available

0:00 0:01:49 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG