သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမြန်ဆုံးဝိုင်းဝန်းဖြေရှင်းဖို့ ကုလအကြီးအကဲတိုက်တွန်း

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ၂၀၂၄ခုနှစ် ကုလရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားနေတဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ၂၀၂၄ခုနှစ် ကုလရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားနေတဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)

ကမ္ဘာတဝန်း ပဋိပက္ခတွေကြား ပိတ်နေကြသူ သန်းနဲ့ချီအတွက် နေ့စဉ်ဆာလောင်ငတ်ပြတ် ငရဲကျသလိုဖြစ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ လုံခြုံမှုအတွက် အိုးအိမ်စွန့်ထွက်ပြေးနေကြရသူ စံချိန်တင်အောင် များပြားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အရပ်သားအစိုးရအုပ်ချုပ်ရေးလမ်းဆီပြန်ရောက်ဖို့ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ရေရှည် အလေးထား ကူညီမှု အမြန်ဆုံးလိုအပ်နေတယ်လို့ ပြောကြားသွားတာဖြစ်ပါတယ်။စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေကြသူတွေဟာ ငြိမ်းချမ်းရေးကို အင်မတန်လိုလားတောင့်တနေကြတာမို့ သူတို့ရဲ့ ဆန္ဒကိုနားထောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က အထွေထွေညီလာခံမိန့်ခွန့်ထဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတဝန်း ငြိမ်းချမ်းအောင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အချိန်မဆိုင်းဘဲ ဆက်လက်တွန်းအားပေးကြိုးစားသွားရမယ်လို့ သူကပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတိုင်းက ကတိကဝတ်ပြုထားတဲ့အတိုင်းသာ ဆောင်ရွက်မယ်ဆိုရင် လူတိုင်းရဲ့ ငြိမ်းချမ်းမှုနဲ့ လူ့ဂုဏ်သိက္ခာကို အာမခံနိုင်မှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှဒေသတွေမှာ စစ်ပွဲတွေဖြစ်ပွားနေချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ခုလိုမိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ပါလက်စတိုင်း သိန်းနဲ့ချီ ဘေးလွတ်အောင်ခိုလှုံနေကြတဲ့ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းက Rafah မြို့အပေါ် အစ္စရေးတို့က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်လို့လည်း အစ္စရေးတို့ ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် ဆိုးဝါးတဲ့လူသာချင်းစာနာစရာအခြေအနေဖြစ်နေပြီးသားကနေ ဒေသတွင်းဆိုးကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

မြန်မာ့အရေး အမြန်ဆုံးဝိုင်းဝန်းဖြေရှင်းဖို့ ကုလအကြီးအကဲတိုက်တွန်း
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG