သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းကူညီရေးရံပုံငွေ ပြန်ထည့်ဝင်ကြဖို့ ကုလအတွင်းရေးမှူးချုပ်တောင်းဆို


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များကူညီရေး ဌာန (UNRWA) အတွက် ရံပုံငွေကို ချက်ချင်း ပြန်လည်ထည့်ဝင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အစ္စရေးကို အောက်တိုဘာ ၇ ရက်ကတိုက်ခိုက်ခဲ့ရာမှာ ကုလ ဒုက္ခသည်ကူညီရေးဌာနက ဝန်ထမ်း တဒါဇင်လောက် ပါဝင်ခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးနေစဥ်အတွင်း ဂါဇာက စစ်ရှောင်ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ မစ္စတာ အန်တိုနီယို ဂူတားရက်စ် က ပြောပါတယ်။ စွပ်စွဲတဲ့အတိုင်းဟုတ်မှန်ခဲ့ရင် သူတို့ဟာ ရာဇဝတ်ကြောင်းနဲ့ တရားစွဲခံရနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က ကျေညာချက်မှာ ပြောပါတယ်။ ဝန်ထမ်း ၉ ယောက်ကို ချက်ချင်း အလုပ် ထုတ်လိုက်ပြီး တယောက်က သေဆုံးပြီးဖြစ်တယ်လို့ ကုလက ပြောပါတယ်။ တခြား ၂ ယောက် ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း ဒုက္ခသည် ကူညီရေးဌာနရဲ့ နှစ်စဥ် ဘတ်ဂျက်က ဒေါ်လာ သန်း ၁,၆၀၀ ရှိတာပါ။ အဆိုပါ သတင်းကြောင့် အမေရိကန်၊ ဩစတြေးလျား၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဖင်လန်၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့ က အကူအညီ ဖြတ်တောက်လိုက်တာပါ။ UNRWA ကို ပေးတဲ့ရံပုံငွေက ဂါဇာပြည်သူတွေဆိ ရောက်ရှိမယ့်အစား ဟာမတ်စ်ဆီကို လွှဲပြောင်းရောက်ရှိသွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး Gilad Erdan က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG