သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် သွားလာခွင့် ကန့်သတ်ဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အဆိုပြု


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၆၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၆၊ ၂၀၂၁)

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ နယ်ခြား နယ်စပ်တဘက်တချက်မှာ နေထိုင်တဲ့ ပြည်သူတွေ ၁၆ ကီလိုမီတာ ပတ်လည်အတွင်းပြည်ဝင်ခွင့်မလိုဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ ခွင့်ပြုချက်ကို ချက်ခြင်း ပြန်ရုပ်သိမ်းဖို့ ထောက်ခံအဆိုပြုတဲ့အကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ဒီနေ့ ကြေညာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေးအတွက်နဲ့ လူဦးရေ ပထဝီ အနေအထား သတ်မှတ်ချက်တွေကို ထိမ်းသိမ်းဖို့ အခုလို လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို မဖြစ်မနေ ပယ်ဖျက်ဖို့ လိုတယ်လို့လည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံတဲ့ သတင်းတွေ ထွက်နေချိန်မှာ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောဆိုချက် ထွက်လာတာပါ။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ မီဇိုးရမ်းပြည်နယ်တွေမှာ မြန်မာနိုင်ငံဘက်က ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေလည်း ထွက်ပြေးခိုလှုံပြီးသား ဖြစ်ပါတယ်။ ကီလိုမီတာ ၁၆၀၀ ကျော်တဲ့ နှစ်နိုင်ငံနယ်ခြားမှာ ၁၀ ကီလိုမီတာပဲခြံစည်းရိုး ကာထားတာပါ။

လူမျိုးရေးနဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းအရ ဆက်နွယ်မှုတွေကြောင့် နှစ်ဘက် အကန့်အသတ်နဲ့ ဝင်ထွက်ခွင့်ကို နှစ်ပေါင်းများစွာ ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ် Narendra Modi အစိုးရက မြန်မာနိုင်ငံနဲ့ တရားဝင် သဘောတူညီချက် ချမှတ်ခဲ့ပါတယ်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah ကတော့ ဒီသဘောတူညီချက်ကို ပယ်ဖျက်ပြီး အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်လုံးကို မဏိပူပြည်နယ်ထဲကစ ခြံစည်းရိုးကာဖို့ ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG