သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မသွားကြဖို့ အိန္ဒိယက သူ့နိုင်ငံသားတွေကိုသတိပေး


ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဇန်နဝါရီ၊ ၂၀၂၄)
ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဇန်နဝါရီ၊ ၂၀၂၄)

မြန်မာနိုင်ငံရောက်နေကြတဲ့ အိန္ဒိယနိုင်ငံသားတွေကို ရခိုင်ပြည်နယ်ကို မသွားကြဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးစာထုတ်ပြန်လိုက်ပါတယ်။

ရခိုင်မှာ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာ၊ ကြိုးလိုင်းတွေအပါအဝင် ဆက်သွယ်ရေးစနစ် ယိုယွင်းလာတာ၊ မရှိမဖြစ်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ရှားပါးလာတာကြောင့် အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို မသွားကြဖို့ အိန္ဒိယ အစိုးရက သတိပေးလိုက်တာပါ။ ရခိုင်ကိုရောက်ပြီးနေတဲ့ အိန္ဒိယနိုင်ငံသားတွေ ကိုလည်း ချက်ချင်း ရခိုင်ကနေထွက်ကြဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပေးပါတယ်။

အာဏာသိမ်း ၃ နှစ်ပြည်တဲ့ အရင်အပတ်တုန်းကလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေအပေါ် စိုးရိမ်ကြောင်း၊ အိန္ဒိယနိုင်ငံရဲ့လုံခြုံရေးအပေါ် သက်ရောက်နိုင်ကြောင်း အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးလိုက်ပြီး မကြာမီ နာရီပိုင်းအတွင်းမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီအာ ဂျေစဝဲ (Randhir Jaiswal) က ပြောကြောင်း ဟိန္ဒူစတန်တိုင်းမ်း သတင်းက ဆိုပါတယ်။

အကြမ်းဖက်တာတွေ ရပ်ပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ကူးပြောင်းဖို့ အိန္ဒိယက ပြောခဲ့တာပါ။ အပြုသဘောဆွေးနွေးပွဲတွေကတဆင့် တိုင်းပြည်ရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေး ပြန်ဖြစ်ပေါ်လာဖို့ ဒီကိစ္စကို စောစောဖြေရှင်းစေလိုပါတယ်လို့ မစ္စတာ ရန်ဒီအာ ဂျေစဝဲ က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG