သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နယ်စပ်စည်းခတ်ရေးစီမံကန်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ထောက်ခံ


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)

ဗဟိုအစိုးရရဲ့ အိန္ဒိယ-မြန်မာနယ်စပ် ခြံခတ်ရေးစီမံကိန်းကို မဏိပူရလွှတ်တော်အမတ်နဲ့ ပြည်ထောင်စုဝန်ကြီးက ထောက်ခံလိုက်တယ်လို့ နယူးဒေလီ ရုပ်မြင်သံကြား NDTV က ပြောပါတယ်။

မီဇိုရမ်၊ မဏိပူရ၊ နာဂမြေနဲ့ အရူနာချယ် ပရာဒက်ရှ် ပြည်နယ်တွေက မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ် ၁,၆၀၀ ကီလိုမီတာ (မိုင် ၁၀၀၀ နီးနီး) ကိုခြံခတ်ဖို့ တောင်းဆိုကြတာတွေ က တိုးများလာနေတာပါ။ နှစ်နိုင်ငံနယ်စပ်ရဲ့ အတွင်းပိုင်း ၁၆ ကီလိုအထိ လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက်ကိုပယ်ဖျက်ဖို့ အိန္ဒိယဗဟိုအစိုးရက ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ပြည်ပရေးရာနဲ့ ပညာရေးဝန်ကြီး ရာ့ဂျ်ကုမာ ရာဂျန် ဆင်း (Rajkumar Ranjan Singh) က ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ မီဇိုရမ်ပြည်နယ်ရဲ့ဝန်ကြီးချုပ်အဖြစ် အသစ်တင်မြှောက်ခံရတဲ့ လယ်ဒုဟိုးမား (Lalduhoma) ကတော့ ခြံစည်းရိုးခတ်မှာကို သဘောမတူပါဘူး။ ဒီလို ခြံခတ်လိုက်တာဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာနေထိုင်နေကြတဲ့ မီဇိုရမ်ပြည်သူတွေကိုခွဲခြားတဲ့ ဗြိတိသျှကိုလိုနီမူဝါဒကို လက်ခံတာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

ခြံစည်းရိုးဟာ သံဆူးကြိုးတွေနဲ့ ဖြစ်ဖို့မလိုဘဲ နိုင်ငံအများစုက အသုံးပြုနေတဲ့ ကင်မရာတွေတပ်ဆင်ထားမယ့် နေရောင်ခြည်စွမ်းအားသုံး လေဆာရောင်ခြည်ခြံစည်းရိုး ဖြစ်နိုင်ပါတယ်လို့ မစ္စတာ ဆင်းကတော့ ပြောပါတယ်။ ဒီလို ခြံစည်းရိုးမျိုး ကို အိန္ဒိယ အနောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တပ်ဆင်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG