သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ် တရားမဝင် မူးယစ်ကုန်ကူးလမ်းသစ် တွေ့ရှိ


အိန္ဒိယမြန်မာနယ်စပ် Taiu မြစ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်ရွာကို ဦးတည်သွားနေတဲ့ မြန်မာလို့ ယူဆရသူတဦး။ (ယခင်မှတ်တမ်းဌာတ်ပုံ/အေပီ)
အိန္ဒိယမြန်မာနယ်စပ် Taiu မြစ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်ရွာကို ဦးတည်သွားနေတဲ့ မြန်မာလို့ ယူဆရသူတဦး။ (ယခင်မှတ်တမ်းဌာတ်ပုံ/အေပီ)

မြန်မာဘက်မှာ ဂျစ်ကားပဲသွားသာတဲ့ ၁၀ ကီလိုမီတာ အရှည်လမ်းကို အိန္ဒိယက မူးယစ်မှောင်ခိုသမားတွေနဲ့ သူတို့ရဲ့ ဒေသခံအဆက်အသွယ်တွေက ဖောက်ခဲ့ကြပြီး ဒီ လမ်းဟာ မီဇိုရမ်ကို ဖြတ်သွားမယ့် မူးယစ်ဆေးဝါးလမ်းကြောင်းအသစ်ဖြစ်တယ်လို့ မီဇိုရမ် တာဝန်ရှိသူတွေက ပြောလိုက်ကြပါတယ်။

မြန်မာနယ်စပ်နဲ့နီးတဲ့ အလယ်ပိုင်းမီဇိုရမ် ဆားချစ် (Serchhip) ခရိုင်ရှိ လန်ခေါ်ရွာ (Lungkawlh) အနီးကလမ်းကို အဲဒီလမ်းက ပေါက်သွားတာပါ။ မြန်မာဘက်မှာ ဖောက်ထားတဲ့လမ်းကြောင်းဟာ နှစ်နိုင်ငံနယ်ခြား တီအိုမြစ်အတိုင်းသွားပြီး မီဇိုရမ်ဘက်က လမ်းအထိပေါက်သွားတာကို ပြည်နယ်မူးယစ်နဲ့ ယစ်မျိုးဌာနက ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ The Hindu သတင်းက ဆိုပါတယ်။ ဒီလမ်းက မီဇိုရမ်မှာဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကို ရှောင်ကွင်းသွားနိုင်ပြီး မဟာဗျူဟာပိုကျတယ်လို့လည်း ယစ်မျိုးဌာနက ပြောပါတယ်။

ဟီးရိုးအင်းနဲ့ မက်အမ်ဖီသမင်းဆေးပြား ၁၀ ကီလိုဂရမ် သယ်လာသူတွေကို ဖမ်းမိရာက ဒီလမ်းကို သိခဲ့ကြတာပါ။ မီဇိုရမ်ဟာ မြန်မာကနေ အိန္ဒိယရဲ့ တခြားနေရာတွေကို မူးယစ်ဆေးတွေပို့ရာမှာ ခရီးတထောက်နားရာနေရာ ဖြစ်လာခဲ့တယ်လို့ ပြည်နယ်ရဲ ညွှန်ချုပ် အနီးလ် ရှုကလား (Anil Shukla) က ပြောပါတယ်။ မြန်မာဘက် တီးတိန်၊ ထန်တလန် ကနေ မီဇိုရမ်မြို့တော် အီဇော် (Aizawl) ရဲ့ အရှေ့တောင်ဘက် ၂၃၄ ကီလိုမီတာ အဝေးမှာရှိတဲ့ ဇိုခေါသာ (Zokhawthar) ကို မူးယစ်ဆေးတွေသွားနေတယ်လို့ မီဇိုရမ်တာဝန်ရှိသူတွေ က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG