သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
SOTU 2024 cover
SOTU 2024 cover

သမ္မတ Biden နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဆို (တိုက်ရိုက်ထုတ်လွှင့်မှု)

အစိုးရရဲ့ ဆောင်ရွက်ပြီးမြောက်မှုတွေနဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို သမ္မတက လွှတ်တော်မှာ အမေရိကန်စံချိန် ကြာသာပတေးနေ့ ည၉နာရီပြောဆိုပါမယ်။ နိုင်ငံရဲ့စီးပွားရေး၊သန္ဓေသားဖျက်ချခွင့်၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်၊ ဂါဇာစစ် ကိစ္စရပ်တွေ ပါဝင်မယ်မျှော်လင့်ရပါတယ်။


ဂါဇာမှာ သီတင်း ၆ ပတ်ထက်မနည်း ကြာမယ့် ချက်ခြင်းအပစ်အခတ်ရပ်စဲရေးရဖို့ မနားမနေဆောင်ရွက်နေပါတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ဂါဇာမှာ အကူအညီတွေပိုပေးနိုင်အောင်နဲ့ လူသားချင်းစာနာကူညီရေးလုပ်သားတွေ အထိအခိုက်မရှိစေရေး အစ္စရေးက တာဝန်ခံဖို့ သမ္မတက ပြောပါတယ်။ လူသားချင်းစာနာကူညီမှုကို အပေးအယူသဘော မစဉ်းစားဖို့ သမ္မတက အစ္စရေးခေါင်းဆောင်တွေကို ပြောသွားပါတယ်။

"ဂါဇာစစ်ပွဲဟာ ယခင်ဂါဇာစစ်ပွဲတွေအားလုံးထက် အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု ကြီးကြီးမားမားဖြစ်နေတယ်။ ပါလက်စတိုင်း သုံးသောင်းကျော်သေဆုံးခဲ့ရတယ်။ အများစုက ဟာမတ်စ်တွေ မဟုတ်ကြပါဘူး။" သမ္မတဘိုင်ဒန်

နိုင်ငံတွင်း သေနက်ထိန်းချုပ်ရေးနဲ့ စိစစ်မှုတွေ ပိုတိုးလုပ်ဖို့ သမ္မတက တိုက်တွန်းပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG