ထိုင်းနိုင်ငံမှာ သင်္ကြန်ကာလ ဆင်နွှဲမှုတွေကို ခြိမ့်ခြိမ့်သဲသဲ ဆက်လက်ကျင်းပနေပါတယ်။ ထိုင်းလို ဆွန်ခရန်လို့ခေါ်တဲ့ ဒီသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ နိုင်ငံတကာက ခရီးသွားတွေလည်း တကူးတက လာရောက်ကြတာပါ။ နိုင်ငံတကာမျက်နှာစာမှာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးရာလည်းရောက်၊ စီးပွားရေးအကျိုးအမြတ်လည်း များပြားတာမို့ နိုင်ငံအာဏာပိုင်တွေရော၊ ကြီးကြီး ငယ်ငယ် စီးပွားရေးလုပ်ငန်းရှင်တွေရော ဒီပွဲတော်ကို အထူးအရေးထားပါတယ်။ ၂၀၂၄ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မကြုံဖူးတဲ့အတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပမှာဖြစ်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်ဌာန ဆက်သွယ်ရေးလက်ထောက်အကြီးအကဲ Nithee Seeprae က ပြောပါတယ်။
“ထိုင်း ဆွန်ခရန် သင်္ကြန်ပွဲတော်” ဓာတ်ပုံသတင်း
![ဘန်ကောက် ညမုန့်ဆိုင်တွေ၊ ဘားတွေနဲ့ စည်ကားတဲ့ ၁၁ လမ်းမှာ ရေပက်ကစားနေကြတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄](https://gdb.voanews.com/01000000-0aff-0242-addb-08dc5c86e010_w1024_q10_s.jpg)
၁
ဘန်ကောက် ညမုန့်ဆိုင်တွေ၊ ဘားတွေနဲ့ စည်ကားတဲ့ ၁၁ လမ်းမှာ ရေပက်ကစားနေကြတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄
![တည်းခိုခန်းတွေ၊ ဈေးဆိုင်တွေရှိတဲ့ အဆော့ဘူတာတဝိုက်လမ်းတွေမှာတော့ နိုင်ငံခြားဧည့်သည်တွေ အတွေ့ရ များပါတယ်။ အဆော့၊ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄](https://gdb.voanews.com/01000000-0aff-0242-c972-08dc5c86ed44_w1024_q10_s.jpg)
၂
တည်းခိုခန်းတွေ၊ ဈေးဆိုင်တွေရှိတဲ့ အဆော့ဘူတာတဝိုက်လမ်းတွေမှာတော့ နိုင်ငံခြားဧည့်သည်တွေ အတွေ့ရ များပါတယ်။ အဆော့၊ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄
![ပရာချင်ဘူရီခရိုင်မှာလည်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။ ထိုင်းသင်္ကြန်မှာက ရေပုံး၊ ရေခွက်တွေ၊ ပလပ်စတစ်ရေပိုက်တွေနဲ့ ရေကစားကြတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄](https://gdb.voanews.com/01000000-0aff-0242-df32-08dc5c89a7fc_w1024_q10_s.jpg)
၃
ပရာချင်ဘူရီခရိုင်မှာလည်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။ ထိုင်းသင်္ကြန်မှာက ရေပုံး၊ ရေခွက်တွေ၊ ပလပ်စတစ်ရေပိုက်တွေနဲ့ ရေကစားကြတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄
![ဘန်ကောက်မြို့လယ်တခုလုံးပဲ ရေကစားသူတွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ဒီနှစ်သင်္ကြန်က အရင်နှစ်တွေထက် ပိုစည်ကားပြီး နိုင်ငံခြားခရီးသွားတွေလည်း အများအပြား ရောက်နေကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄](https://gdb.voanews.com/01000000-0aff-0242-b807-08dc5c89a7ff_w1024_q10_s.jpg)
၄
ဘန်ကောက်မြို့လယ်တခုလုံးပဲ ရေကစားသူတွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ဒီနှစ်သင်္ကြန်က အရင်နှစ်တွေထက် ပိုစည်ကားပြီး နိုင်ငံခြားခရီးသွားတွေလည်း အများအပြား ရောက်နေကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄