သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ နီးပါး လက်နက်ချကြောင်း KNU သတင်းထုတ်ပြန်


စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း KNU ထုတ်ပြန် (ဧပြီ ၁၆၊ ၂၀၂၄)
စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း KNU ထုတ်ပြန် (ဧပြီ ၁၆၊ ၂၀၂၄)

ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲကိုစစ်ကောင်စီရဲ့ ခလရ−၁၀၃ တပ်ရင်းကတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတယ်လို့ ကေအန်ယူက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲမှာဧပြီလ (၁၅) ရက်နေ့က မောထာဒေသနဲ့ ထီးထာကြားမှာ စစ်ကောင်စီတပ်သားတွေ တပ်စခန်းဆုတ်ခွါပြီး ထီးထာ့ဗျူဟာနဲ့ပေါင်းစည်းဖို့လုပ်ဖို့လာတုန်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မူတွေလုပ်ခဲ့တာပါ။ ဒီအတွက် ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ကေအန်ယူ သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတဦးကိုမေးတဲ့အခါမှာတော့အခုလိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း KNU ထုတ်ပြန် (ဧပြီ ၁၆၊ ၂၀၂၄)
စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း KNU ထုတ်ပြန် (ဧပြီ ၁၆၊ ၂၀၂၄)

"အဲဒါတော့မှန်ကန်တယ် ကျနော်ပြောနိုင်တာကတော့ လူ ၅၀ကျော်လက်နက်ချအညံ့တယ် လက်နက်ကတော့လက်နက်ကြီးငယ် ပေါင်း ၆၀ကျော် ရရှိတာမှန်ကန်တယ် ကျနော်တို့ဘက်ကထုတ်ပြန်တာကတော့ ၄၈ဦးဖြစ်တယ်၊ မိသားစုဝင်တွေလည်းပါတယ်ဆိုတော့ အားလုံး ၅၀ကျော်လို့ပြောလို့ရပါတယ်။"

ဒီသတင်းနဲ့ပတ်သက်လို့တော့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တပ်မဟာ ၄ ဘက်မှာတော့ စစ်ကောင်စီကိုတိုက်ခိုက်တဲ့ စစ်ကြောင်းတွေကတော့ KNLA တပ်ရင်း ၁၀၊ တပ်ရင်း ၂၇၊ တပ်ရင်း ၂၀၃ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ကပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပွိုင့်ဖိုက်၊ (စက်လတ်)နဲ့ လက်နက်ကြီး RPG အပါအဝင် စုစုပေါင်း လက်နက် ၆၈ လက် သိမ်းဆည်းရမိတယ်လို့ကရင်အမျိုးသားအစည်းအရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ နီးပါး လက်နက်ချကြောင်း KNU သတင်းထုတ်ပြန်
please wait

No media source currently available

0:00 0:02:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG