သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူးမွဲထစခန်းကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာ


သူးမွဲထမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်တွေ ဆုတ်ခွါသွားပြီးတွေ့ရပုံ။ (ဧပြီ ၁၅၊ ၂၀၂၄/ဗွီအိုအေ)
သူးမွဲထမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်တွေ ဆုတ်ခွါသွားပြီးတွေ့ရပုံ။ (ဧပြီ ၁၅၊ ၂၀၂၄/ဗွီအိုအေ)

ကရင်အမျိုးသားအစည်းအရုံး KNUတပ်မဟာ ၅ အုပ်ချုပ်နယ်မြေ သောင်ရင်း သံလွင်မြစ်ဆုံ (သူးမွဲထ) စစ်ကောင်စီတပ်စခန်းဟာ KNLA/KNDO တပ်တွေက တိုက်ခိုက်မှုတွေကြောင့်ကော၊ ရိက္ခာလမ်းကြောင်းတွေဖြတ်တောက်ခံရတာကြောင့်ပါ ဒီရက်ပိုင်းအတွင်း စခန်းဆုတ်ခွါ ထွက်ပြေးသွားခဲ့ကြောင်း အဲဒီနယ်မြေက စစ်ရေးလေ့လာသူတွေကပြောပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ သောင်ရင်း သံလွင်မြစ်ဆုံ (သူးမွဲထ) စစ်ကောင်စီတပ်စခန်းဟာ KNLA/KNDO တပ်တွေက တိုက်ခိုက်မှုတွေကြောင့်ကော၊ ရိက္ခာလမ်းကြောင်းတွေဖြတ်တောက်ခံရတာကြောင့်ပါ ဒီရက်ပိုင်းအတွင်း စခန်းဆုတ်ခွါထွက်ပြေးသွားခဲ့တာကြောင့် အဲဒီနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေက စခန်းကိုမီးရှို့ပြီး ရှင်းလင်းခဲ့ပါတယ်။

အဲဒီနယ်မြေဘက်ကအခြေအနေတွေကို လေ့လာနေသူတဦးကပြောပြပါတယ်။

"(သူးမွဲထ) သံလွင်-သောင်းရင်းမြစ်ဆုံပေါ့။ အရင်ကတော့ ဒီဘက်က ခဏခဏသွားပစ်တာလည်းရှိတယ်။ ရိက္ခာလည်း ပို့မရတာကြာပြီ။ ရိက္ခာကို ဒီဘက်က ဖြတ်တောက်ထားတော့ သူတို့လည်း အခက်အခဲဖြစ်လာတာပေါ့။ KNLA/KNDO တို့ကလည်း သွားပစ်ခတ်တာလည်းရှိတယ်။ သူတို့ပဲသွားရှင်းလင်းကြတာပေါ့၊ စခန်းကကြီးတယ်။ အတော်လေးလည်း အချက်အခြာကျတယ်။ ဆုတ်ခွါတယ်ဆိုတာကတော့ သူတို့က ရိက္ခာလည်းမရ။ စစ်ကူလည်းလာလို့မရတဲ့အတွက်လည်းဆုတ်ခွါတဲ့သဘောပါပဲ။ ဒီဘက်ကလည်း စနိုက်ပါနဲ့ပစ်ခတ်တာတွေလည်း ရှိတယ်။ ဒီဘက်ကလည်း မကြာခဏ သွားတိုက်တဲ့အတွက် နေလို့မရတော့ဘူးနဲ့တူပါတယ်။ သူတို့ဆုတ်ခွါလိုက်တာပဲ ရတခ တိုင်း လက်အောက်ခံပါပဲ။"

တပ်ဆုတ်ခွါလာတဲ့သူတွေဟာ ဆင်ဖြူတောင်ဘက်ကူးလာပြီး မြစ်ဆုံအောက်ဘက်က ကောကော်ထာရွာဘက်မှာ စခန်းချထားပါတယ်။ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ မာနယ်ပလောဒေသ နို့ဒေးရွာက ၉၁၃ တပ်စခန်းနဲ့ ကဆောဝါးလေးစခန်း (ဆင်ဖြူတောင်) ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေက သွားရောက်ပစ်ခတ်တာ၊ အခြေချလို့မရအောင် ရိက္ခာလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်နေပါတယ်။ အခုဆိုရင် သူးမွဲထစခန်းမရှိတော့တဲ့အတွက် အဲဒီနေရာတွေကို သွားလာရလွယ်ကူသွားတယ်လို့လည်း ပူးပေါင်းတပ်တွေဘက်ကပြောပါတယ်။

အခုလို (သူးမွဲထ) စခန်း ဆုတ်ခွါတဲ့သတင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အဒီစခန်းဟာ တပ်အင်အား ၇၀ ဝန်းကျင်လောက်ပဲရှိတဲ့စခန်းလို့လည်းသိရပါတယ်။

အဲဒီဒေသဘက်မှာလည်းစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေးတပ်- စတဲ့တပ်တွေက တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက စခန်းအတော်များများကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို ဖာပွန်ခရိုင်က နေရာအတော်များများကို ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသမှာလည်း ဌာနဆိုင်ရာ အုပ်ချုပ်ရေးအခြေချခွင့်မရတော့ဘဲ ကေအန်ယူကပဲ ထိန်းချုပ်ထားသလို စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်လေ့ရှိတယ်လို့လည်းပြောပါတယ်။

"ပြောမယ်ဆိုရင်တော့ ရာနှုံးပြည့်ထိန်းချုပ်လို့ရတဲ့သဘောပါပဲ။ ဖာပွန်ကိုလည်းထိန်းချုပ်လို့ရတဲ့သဘောမှာရှိပါတယ်။ လေယာဉ်နဲ့လာကြဲတာတော့ ဆက်တိုက်ရှိတယ်။ ရွာထဲမှာလေယာဉ်နဲ့လာကြဲတာကတော့ ပုံမှန်လို ဆက်တိုက်ရှိပါတယ်။"

ထိုင်းရွာသားတွေနဲ့ ဒေသခံကရင်ရွာသားတွေဟာ သံလွင်မြစ်တလျှောက်နေထိုင်ပြီး လှေနဲ့ကုန်စည်ပို့ဆောင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာ ဖြစ်ပါတယ်။ အခုတပ်စခန်းဆုတ်ခွါသွားတဲ့ သူးမွဲထတပ်စခန်းကစစ်ကောင်စီတပ်ဖွဲ့တွေဟာ သံလွင်မြစ်ပေါ်ကလှေတွေကိုပစ်ခတ်တာ၊ ရိက္ခာတောင်းတာတွေမကြာခဏလုပ်လေ့ရှိတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပါတယ်။

သူမွဲထစခန်းကနေ စစ်ကောင်စီတပ်တွေဆုတ်ခွာ
please wait

No media source currently available

0:00 0:03:48 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG