သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ခြိမ်းခြောက်မှု အစ္စရေး လက်တုံ့ပြန်ရေး မတားနိုင် (အစ္စရေးကာကွယ်ရေးဝန်ကြီး)


အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant (March 25, 2024)
အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant (March 25, 2024)

အစ္စရေးလ်အပေါ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကြုံစဖူး တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ရေးမှာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေက အဟန့်အတား မဖြစ်စေဘူးလို့ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။ အစ္စရေးလ်နိုင်ငံ မြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant ရဲ့ ပြောဆိုချက်ကို ရည်ညွှန်းကြတာ ဖြစ်ပါတယ်။

အီရန်တို့ဟာ တိုက်ခိုက်မှုမှာ မအောင်မမြင် ဖြစ်ခဲ့ပြီး အစ္စရေးလ်ကို တားဆီး ဟန့်တားရာမှာလည်း ကျရှုံးလိမ့်မယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြပါတယ်။

အီရန်မြေပေါ်ကနေ ပထမဆုံးသော တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ အစ္စရေးလ်ကို တိုက်ခိုက်မှုမှာ ပဲ့ထိန်းတပ်ဒုံးကျည် အစင်း ၁၁၀၊ ခရုစ်ဒုံးကျည် အစင်း ၃၀၊ တကြောင်းသွား ဖောက်ခွဲရေးပစ္စည်းတပ် မောင်းသူမဲ့ ဒရုန်းယာဉ်ပျံ အစင်း ၁၅၀ ကျော် ပါဝင်ကြောင်း အမေရိကန် အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အီရတ်၊ ဆီးရီးယားနဲ့ ယီမင်တို့မှာ ရှိနေတဲ့ အီရန်ကိုယ်စား ဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေလည်း ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတယ်လို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

လက်တုံ့ပြန်ဖို့ စဉ်းစားနေတဲ့ အစ္စရေးလ်ကို အီရန် တာဝန်ရှိသူတွေကတော့ နှုတ်နဲ့ အကြိမ်ကြိမ် သတိပေးထားပါတယ်။ အီရန်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေတဲ့ အစ္စရေးလ်ရဲ့ လုပ်ရပ်တွေအပေါ်မှာ အီရန်အစိုးရဘက်က အလျင်အမြန် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အခိုင်အမာ ပြောဆိုထားတာ ဖြစ်ပါတယ်။

အီရန်ခြိမ်းခြောက်မှု အစ္စရေး လက်တုံ့ပြန်ရေး မတားနိုင်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG